ကလေးနှစ်ယောက်ရဲ့ဆွဲခြင်းကိုင်ပြီး ကျောင်းလိုက်ပို့ပေးနေတဲ့ ချစ်ခင်ပွန်းကို ဗီဒီယိုလေးခိုးရိုက်ပြီး အချစ်တွေပိုနေတဲ့ သဉ္ဇာနွယ်ဝင်း

တစ်ချိန်ကပရိသတ်အားပေးမှုတွေများစွာနဲ့အောင်မြင်ခဲ့ပြီး ယခုမှာတော့သားလေးတစ်ယောက်သမီးလေးတစ်ယောက်နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးပိုင်ဆိုင်ထားတာကတော့ သဥ္ဇာနွယ်ဝင်းပဲဖြစ်ပါတယ်။ သူမကတော့ video ဇာတ်ကားတွေနဲ့အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်းယနေ့ထိချစ်နေရတာပါ။ အခုအနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်းချစ်နေရတာပါ။

သူမဟာ ပရိသတ်တွေနဲ့မဝေးအောင်လူမှုကွန်ရက်ကနေပုံရိပ်လေးတွေvideo လေးတွေတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း ကလေးနှစ်ယောက်နဲ့သူ့ရဲ့တစ်နေ့တာလေးကိုပြောပြခဲ့တာပါ။ မနက် ၈ဆို အဆင်သင့်ဖြစ်နေပြီ။ မနက် ၆:၃၀ဆို ထမင်း ဟင်းထချက်တယ်။ ကလေးတွေကိုက ၇:၃၀မှာနိုးပြီး မျက်နှာသစ်ပေးတယ် ဒါတော့ အိမ်က အကူညီမလေးတွေလုပ်ပေးတာ ဒီအချိန် ကိုယ်ကတော့ အသီးအခွံခွာ ပေးမုန့်ထည့်ပေးတယ်။

မုန့်တွေကအကုန်လုံး ကုန်လားဆို မကုန်ဘူး ရွေးလို့ရအောင်ထည့်ပေးလိုက်တာ။ ဟိုဥကတော့ အမြဲကုန်တယ်။ အထဲကအရုပ်လိုချင်လို့လေဟင်းကတော့မကုန်ရင် အိမ်ရောက်ရင် ကိုယ်စားပေးလိုက်တယ် နှမျှောလို့ ကလေးတွေကိုမနက်စာကတော့ ကားပေါ်မှာပဲ ပေါင်မုန့်နဲ့ milo တိုက်တယ်။ ကလေးကျောင်းသွားတဲ့အချိန်မှ လုပ်စရာရှိတာတွေလုပ်ရတယ်။ အရင်က ကိုယ့်အမေက ရှေ့ဆောင်လမ်းပြ ကိုယ်တွေကို လုပ်ပေးခဲ့တော့ ကိုယ်ကလည်းလုပ်ရပြီပေါ့ ။ ကျောင်းကပြန်လာတဲ့အချိန် မာမားထမင်းကုန်အောင်စားခဲ့တယ်လို့ပြောရင်အမောတွေကိုပြေလို့ နောက်ရက်စောစောထဖို့ခွန်အားပေါ့မောတော့မောတာပေါ့ ဒါပေမဲ့ ပျော်ပါတယ်ဆိုပြီးပြောပြသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *