လွန်ခဲ့တဲ့ (၂)နှစ်ခန့်က ခင်ပွန်းနဲ့အတူ ရိုက်ထားတဲ့ ဗီဒီယိုကြောင့် ဝေဖန်ခံခဲ့ရတဲ့အကြောင်းကို စိတ်မကောင်းစွာဖြင့် ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းဆိုတာနဲ့ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားပြီးပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သူမကတော့ ခင်ပွန်း​​ဖြစ်သူကွယ်လွန်ပြီးနောက် ကျန်ရစ်တဲ့သားသမီးလေးတွေအတွက်ရုန်းကန်နေရတာပါ။ အခက်ခဲတွေကြုံတွေ့တိုင်းလည်းမလျော့သောဇွဲ့နဲ့ကြိုးစားနေတာပါ။

သားလေးကလည်းသိတက်စအရွယ်လေးဖြစ်တာကြောင့် လိမ္မာပြီးမေမေ့အတွက်အားကိုးနေရတာပါ။ ကလေးတွေရဲ့ video လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ ပရိသတ်တွေကလည်းသူရဲ့ချစ်စရာစိတ်ဓာတ်လေးတွေကလေးတွေရဲ့ချစ်စရာကောင်းတာလေးတွေကိုကြည့်ပြီးချစ်နေရတာပါ။

လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေစာလေးတွေတင်ပေးလေ့ရှိတဲ့သူမဟာခုမှာလည်း လွန်ခဲ့တဲ့၂နှစ်ကသူတင်တဲ့video လေးမှာဆဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးခုလိုပြောပြခဲ့တာပါ။ 4Million view တဲ့လားအဲဒါလေးတင်တုန်းက မိုက်မိုက်ရိုင်းရိုင်းတွေပြောကြတာတွေလဲပါ ကုတင်ပေါ်ကကိစ္စတွေလဲပါ ကိုယ့်ဘဝထဲကိုလူသားလေးတစ်ယောက်လိုချင်တဲ့အချိန်မှာရောက်လာတာ blessing တစ်ခုပါပဲ ဒါကိုဘာလို့များ ရိုးရိုးလေးမမြင်နိုင်ကြလဲဆိုပီးစိတ်လဲဆိုး၊စိတ်မကောင်းလဲဖြစ်ခဲ့တယ် ယောက်ျားကတော့အဲ့တည်းကအားပေးတယ် “မိန်းမရေ လူတွေကအဲ့လိုပဲလေ၊ လိုက်မခံစားနဲ့၊ ကိုယ်ဝန်နုနုလေးနဲ့” ဆိုပီးအားပေးခဲ့တယ် အခုတော့တစ်ခုခုဆိုအနားမှာ အားပေးမယ့်သူမရှိလို့ ကိုယ့်ဟာကိုယ် အားတင်းထားတယ် ဘာဖြစ်ဖြစ်ခံနိုင်ရည်ရှိဖို့ဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published.