ဖေဖေနဲ့ သာယာကြည်နူးနေတာကို ဗီဒီယိုခိုးရိုက်နေတဲ့ မေမေ့ရဲ့မျက်နှာကိုသေချာကြည့်ပြီး ရန်တွေ့နေတဲ့ Treasure လေးရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ စန္ဒီမြင့်လွင်တို့မိသားစုလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေအမြဲချစ်နေရတဲ့မိသားစုလေးလည်းဖြစ်ပါတယ်။ သူတို့မိသားစု၃ယောက်ဟာ အမြဲပျော်ရွှင်စရာအပြည့်နဲ့ကြည်နူးဖို့ကောင်းနေတာပါ။

သမီးလေးကလည်း ချစ်စရာကောင်းပြီး အကုန်လုံးရဲ့အချစ်တွေကိုသိမ်းပိုက်ထားတာပါ။ ဖေဖေ့ရဲ့အချစ်တော်ဖြစ်ပြီးအမြဲ ချစ်စရာကောင်းအောင်လုပ်ပြတက်တာပါ။ မေမေစန္ဒီမြင့်လွင်ကလည်းသမီးလေးနဲ့ဖေဖေတို့ပုံရိပ်တွေကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။

အခုမှာလည်းသားဖနှစ်ယောက် လက်သည်းလေးတွေညှပ်နေတာဖြစ်ပါတယ်။ အဲ့တာကို မေမေစန္ဒီမြင့်လွင်က video လေးခိုးရိုက်နေတာကို သမီးလေးကမြင်ပြီးဆူနေတာပါ။.ဘယ်လိုတောင်ချစ်ဖို့ကောင်းနေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *