နာမည်ကြီး အဆိုတော်များရဲ့သီချင်းတွေကို သီဆိုခဲ့လို့ ဝေဖန်နေကြသူများကို သက်သေအခိုင်အမာဖြင့် တုံ့ပြန်ပြောဆိုလိုက်တဲ့ နီနီခင်ဇော်

ဒီရက်ပိုင်းမှာတော့အနုပညာရှင်သတင်းတွေကပရိသတ်တွေကြားမှာရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ မနေ့ကလည်းနိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့နီနီခင်ဇော်ရဲ့သတင်းဟာလည်းပရိသတ်တွေကြားရေပန်းစားခဲ့တာပါ။ သူမကတော့သီချင်းကို cover songပြန်ဆိုတဲ့ကိစ္စနဲ့ပတ်သတ်ပြီးဖြစ်ခဲ့တာပါ။

နာမည်ကြီး အဆိုတော် စိုင်းထီးဆိုင်ရဲ့သီချင်းကိုပြန်ဆိုခဲ့တာဖြစ်ပြီး စိုင်းထီးဆိုင်ရဲ့မိသားစုကမနေ့ကတော့သီချင်းတွေကို Cover ဆိုခွင့်မပေးတော့ကြောင်ကြော်ငြာခဲ့တာပါ။ ဒါကြောင့်ပရိသတ်တွေကြား နီနီတစ်ယောက်ဝေဖန်ခံနေရတာပါ။ အခုမှာတော့ နီနီဘက်ကနေ အခုလိုဖြေရှင်းသွားခဲ့တာပါ။

Rhythm of The Ocean programme တွင် တင်ဆက်သီဆိုခဲ့​သော ​တေးသီချင်းများအားလုံးသည် ဖန်တီး​ရေးသားခဲ့​သော ​တေး​ရေးဆရာများဖြစ်ကြ​သည့် အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ-ဆရာစိုင်းခမ်းလိတ်သီချင်း​လေးအတိုင်း – ကိုထူးမေတ္တာ​ရေလှိုင်း – ​J ​ရောင်ထုန်ရွှေပင်လယ် – ဆရာမင်းချစ်သူမျက်ဝန်းထဲမှာအ​ဖြေရှာ – ဆရာဒီ​နေ့ပုဏ္ဏကရှင်ဘုရင်​လေး – ဆရာ ညီညီသွင်ဒုတိယ – ဆရာရွှေ​ဂျော်​ဂျော်လမင်းချစ်သူ – ဆရာ​နောင်​​နောင်(S.F)ဖြေး​ဖြေး​​လေးနဲ့ငြိမ့်ငြိမ့်​လေး -ဂီတစာဆို ကို​လေးလွင် အစရှိသည့်​တေး​ရေးဆရာများနှင့်ကိုယ်စား မိသားစုဝင်များ အားလုံးထံမှ အနုပညာ​ကြေးထမ်း​ဆောင်ထားပီး ​တေး​ရေးခွင့်ပြုချက်များ ရရှိပီး မှ ပြန်လည် သီဆို ရိုက်ကူးခဲ့ပါ​သည်။

Cover Songs များရဲ့ Standard Format အရ Music Arrangement ​တွေကိုစနစ်တကျဖန်တီးခဲ့ပြီး မူရင်းသီဆိုခဲ့သူများကိုလည်း တ​​လေးတစား​ဖော်ပြခွင့်ရခဲ့ပါသည်။(Youtube Revenue များကိုလည်း Reddy Global Music မှ မူပိုင်ခွင့်တည်​သော​ တေး​ရေးများရဲ့သ​ဘောတူညီထား​သော အချိုးအစားအတိုင်း တစ်သက်တာ ခွဲ​ဝေ​ပေးပြီး စီမံခန့်ခွဲခွင့် ​ဆောင်ရွက်​ပေးလျက် ရှိပါတယ်)အား​ပေးကြည့်ရှုခဲ့သူများ အားလုံး ​ကျေးဇူးတင်ပါတယ် ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *