သူမရဲ့လက်ပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ သားလေးကို ဓာတ်ပုံလေးခိုးရိုက်ပြီး အသည်းတွေယားနေတဲ့ စုစုဝေ

လက်ရှိမှာ သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပြီဖြစ်တာကတော့ Mikis Weberနဲ့ စုစုဝေတို့ မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့ကတော့ သားလေးကိုယ်ဝန်လွယ်တဲ့အချိန်ကတည်းက ရင်ခုန်ခဲ့ရတာပါ။ အခုသားလေးမွေးဖွားပြီး ချိန်မှာလည်း ချစ်မဝဖြစ်နေရတာပါ။

သားလေးရဲ့ပုံရိပ်လေးတွေ မိသားစုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ တင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်း သူတို့မိသားစုလေးကို ကြည့်ပြီး ချစ်နေရတာပါ။ တစ်ချိန်ကလည်း ပရိသတ်တွေချစ်နေရတဲ့ အတွဲလေးဖြစ်ပြီး အခုမှာလည်း ကြည်နူးရတဲ့ မိသားစုလေးဖြစ်နေရတာပါ။

သားလေးကလည်း မေမေ့လက်မှမေမေ့လက်ပေါ်မှာပဲ နေနေတာပါ။ အခုမှာလည်း မေမေ့လက်လေးပေါ်မှာ နှစ်ခြုက်စွာ အိပ်ပျော်နေတာဖြစ်ပြီး မေမေကလည်း မလှုပ်ပဲနေနေတာဖြစ်ပါတယ်။ သူတို့သားမိလေး ဘယ်လိုတောင် ချစ်စရာကောင်းလဲဆိုတာကတော့ အောက်ကပုံရိပ်လေးကို ကြည့်ပြီး ချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.