မြနှင်းရည်လွင်ဆိုတာနဲ့ ပရိသတ်အချစ်တွေအပြည့်ရရှိထားသူတစ်ယောက်ပါ။ မတရားမှုကိုတွန်းလှန်ရင်းနဲ့အာဏာရှင်စနစ်ကိုရင်ဆိုင်တော်လှန်နေတာပါ။ သူမဟာအခက်ခဲတွေများစွာကြုံရပေမယ့်လည်း မာထန်တဲ့စိတ်ဓာတ်တွေနဲ့တော်လှန်ရင်ဆိုင်နေတာပါ။
အခုမှာတော့လွတ်မြောက်နယ်မြေတစ်ခုကနေ တော်လှန်ရေးမှာပါဝင်အားဖြည့်နေတာပါ။ သူရဲ့ပုံရိပ်လေးတွေကြုံတွေ့ရတာလေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။ သူ့ရဲ့စိတ်ဓာတ်လေးတွေကြောင့်လည်းမချီးကျူးပဲမနေနိုင်တာဖြစ်ပါတယ်။
အောင်မြင်သူတစ်ယောက်ဖြစ်တာကြောင့် အိမ်မှာအခန့်သားနေလို့ရပေမယ့် သူမဟာအခက်ခဲတွေကိုရင်ဆိုင်နေရတာပါ။ ခုမှာလည်း သူမရဲ့ခြေထောက်လေးကိုပြထားတာဖြစ်ပါတယ်။ ကိုယ်ရွေးခြယ်တဲ့လမ်းခက်ခဲတယ်လို့မမြင်ပါဘူးဆိုတဲ့စာလေးနဲ့အတူသူမရဲ့ပုံရိပ်လေးကိုကြည့်ပြီးအားပေးစကားလေးပြောပေးကြပါဦးနော်။