ပရိသတ်တွေအမြဲချစ်ပြီးအားကျရခဲ့တဲ့မိသားစုလေးတစ်စုရှိပါတယ်။ သူတို့ကတော့တစ်ချိန်ကပရိသတ်အားပေးမှုတွေများစွာနဲ့အောင်မြင်ခဲ့ပေမယ့်မိသားစုကိစ္စဖြစ်ပြီးနောက်ဝေဖန်မှုတွေများစွာခံခဲ့ရတာပါ။ ဒါပေမယ့်လည်းသူတို့မိသားစုလေးဟာအမြဲပျော်ရွှင်အောင်တည်ဆောက်ထားတာပါ။
သူတို့နှစ်ယောက်ရဲ့မွေးနေ့လေးတွေအထိမ်းအမှတ်နေ့လေးတွေမှာလည်းအမြဲအားကစေရတာပါ။ခုပိုင်ဇေရဲထွန်းရဲ့မွေးနေ့လေးမှာလည်း ခုလိုပဲ ဆုတောင်းပေးပြီးကုသိုလ်ကောင်းမှုတွေလုပ်ပေးခဲ့တာပါ။ Happy 45th Birthday Ko Koဒီထက်မကစိတ်ရောလူရောနုပျိုနိုင်ပါစေစိတ်ထဲကတောင့်တသမျှတွေ အမြန်ဆုံးပြည့်ပါစေ
မွေးနေ့နဲ့တစ်ရက်ထဲကျခဲ့တဲ့ Anniversaryမို့အိမ်ထောင်သက်လည်း(၁၇)နှစ်ပြည့်ခဲ့ပြီ…မွေးနေ့ကိုတူတူဖြတ်သန်းလာတာလည်း၁၇နှစ်ရှိခဲ့ပြီ မနေ့တနေ့ကလိုပဲချစ်ပါတယ်ယောင်္ကျားရေဆိုပြီးဆုတောင်းပေးခဲ့ပါတယ်။
ဆက်လက်ပြီးလည်း မွေးနေ့ရှင်ကြီးနိုးရင်ဘုရားကန်တော့ဖို့ ပန်းလမ်းရေလမ်းငွေလမ်းအလင်းလမ်း ကြိုခင်းပေးထားတာတစ်နေ့လုံးကုသိုလ်စိတ်နဲ့ဖြတ်သန်းနိုင်ပါစေဆိုပြီးဆုတောင်းပေးခဲ့တာပါ။ ဘယ်လိုတွေအိမ်ကဘုရားလေးမှာလည်း ခင်ပွန်းဖြစ်သူအတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးလဲဆိုတာကတော့အောက်ကပုံရိပ်လေးကိုကြည့်ပြီးဆုတောင်းပေးကြပါဦးနော်။