သူမထက်အသက်ငယ်တဲ့ ယောကျာ်းအား အမိအရယူထားနိုင်ခြင်းရဲ့နောက်ကွယ်က ကောင်းကျိုးတွေကို ရှင်းပြလာတဲ့ ဘေဘီမောင်

Live sale လေးတွေမှာလည်းအောင်မြင်မှုတွေများစွာနဲ့ကိုယ်ပိုင်အလုပ်တွေကိုအောင်မြင်နေတာကတော့ ဘေဘီမောင်ပဲဖြစ်ပါတယ်။ သူမကတော့ပရိသတ်တွေချစ်နေရတဲ့နိုင်ငံကျော်တစ်ယောက်လည်းဖြစ်ပါတယ်။ သားဂန်းရဲ့ကိုယ်ဝန်လေးကိုလည်းလွယ်ထားရပြီးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်ထားတာပါ။

မကြာမီမှာလည်းသူတို့မိသားစုလေးထဲကိုသမီးလေးရောက်ရှိလာတော့မှာဖြစ်ပါတယ်။ သားဂန်းကလည်းချစ်ဇနီးလေးကို အမြဲစိတ်ချမ်းသာအောင်ထားနေတာပါ။ ဒါကြောင့်ခုမှာလည်းသူ့ခင်ပွန်းကိုဘယ်လောက်ချစ်ကြောင်းစာလေးဖွဲ့ပြီး​​ပြောပြလိုက်တာပါ။

ကိုယ့်ထက်အသက်ငယ်ပေမယ့် ရင့်ကျက်တည်ကြည်ပြီးရိုးသားဖြောင့်မတ်သောယောကျာ်း၊ငွေကြေးပုံမပေးနိုင်ပေမယ့် အကြင်နာ မေတ္တာ အချစ် သစ္စာတွေပုံအောပေးတဲ့ယောကျင်္း၊မိန်းမအလုပ်တွေကြိုးစားပီးလုပ်ကိုင်နေချိန်မှာလည်းနောက်ကွယ်ကနေ ပုံပိုးကူညီပြီးအားကိုးရတဲ့ယောကျာင်္း၊ဘဝအတွက်လေ့လာသင်ယူစရာပညာရပ်တွေကိုလည်းမိန်းမနဲ့အတူတူသင်ယူလေ့လာပေးတဲ့ယောကျာင်္း၊ဆက်ရေးရင်စာအုပ်တစ်အုပ်စာလောက်ရှိလို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်အချစ်ခံရတဲ့မိန်းမတစ်ယောက်ရဲ့ စိတ်ချမ်းသာမှု့ဘာနဲ့မှမလဲနိုင်ချစ်တယ်ဖေဖေဂန်းဆိုပြီးအားကျအောင်ပြောပြလိုက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.