Liam လေးဆိုတာနဲ့ပရိသတ်တွေချစ်နေရတဲ့ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ယွန်းဝဒီလွင်မိုးရဲ့သားလေးဖြစ်ပြီး ဖိုးဖိုးလွင်မိုးရဲ့မြေးဦးလေးဖြစ်ပါတယ်။ Liamလေးဟာဖေဖေမေမေတို့နိုင်ငံခြားကျောင်းတက်နေချိန်လေးမှာ ဖိုးဖိုးဖွားဖွားတို့နဲ့တူတူနေနေတာပါ။
သားလေးဟာ မွေးကတည်းကပရိသတ်တွေရဲ့ချစ်ခြင်းကိုရရှိထားတာပါ။ ဒါကြောင့်လည်း Liamလေးကိုချစ်တဲ့သူတွေအတွက် facebook ကနေပုံရိပ်လေးတွေvideo လေးတွေကိုတင်ပေးလေ့ရှိနေတာပါ။ ပရိသတ်တွေကလည်းကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။
အခုမှာလည်းLiamလေးဟာအရုပ်လေးကိုတီတီဆီသွားပြီးပူဆာနေတာဖြစ်ပါတယ်။ လိုချင်တာလေးတွေရှိတိုင်းခွင့်တောင်းပြီးမှယူတက်တာလေးကလည်းချစ်စရာကောင်းနေတာပါ။ ဘယ်လိုလေးပူဆာထားလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။