သူမဆီက ချေးထားတဲ့ ငွေတွေ ပြန်မပေးဘဲ သာယာနေသူတစ်ဦးရဲ့နောက်ကြောင်းတွေကို ဖော်ထုတ်ဖို့ ပြင်ဆင်နေတဲ့ သိင်္ဂီထွန်း

တစ်ချိန်ကvideo ဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့အောင်မြင်ခဲ့တာကတော့ သိဂ်ီထွန်းပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ရပြီးပရိသတ်အားပေးမှုတွေများစွာပါရရှိခဲ့တာပါ။ ခုထိလည် MRTV-4ဇာတ်လမ်းတွဲလေးတွေမှာပါဝင်သရုပ်ဆောင်နေတုန်းဖြစ်ပါတယ်။

သူမဟာလူမှုကွန်ရက်မှာလည်းပုံလေးတွေတင်လေ့ရှိပြီးပရိသတ်တွေနဲ့အမြဲမပြတ်ရှိနေတာပါ။ သူ့ရဲ့စေတနာတွေကိုစော်ကားပြီးငွေလိမ်ခံရတာတွေလည်းမကြာခဏကိုကြုံနေရတာပါ။ ခုမှာတော့သူမဆီကပိုက်ဆံချေးပြီးပြန်မဆပ်တဲ့သူတွေကိုခုလိုပဲပြောလိုက်တာဖြစ်ပါတယ်။

ကျမကအတိုးရဖို့နေနေသာသူများငွေကိုအာမခံပေးလိုက်လို့လျော်ပေးလိုက်ရတာသိန်းနှစ်ထောင်ကျော်သုံးနှစ်ပြည့်တော့မယ်ပြန်ပေးမလားစောင့်နေတာ.သူတို့လဲအဆင်ပြေကြတာဘဲခုထိမပေးသေးဘူး။တောင်ကြီးနဲ့လားရှိူးကငွေယူထားတဲ့သူဌေးမမတွေသိဖို့…..ရေစက်ချရတော့မလားကျိန်စာတိုက်ရမလား.အများသိအောင်အောက်ဖဲလှန်ထုတ်ဖော်ပြောရတော့မလားခံပြင်းနေတာနော်။ပိုက်ဆံ လာချေးပါလို့ ဘယ်သူကမှ မဖိတ်ခေါ်ခဲ့ဘူးနော်။

ကိုယ်လိုအပ်လို့မုန့်ဖိုးထည့်ပေးပါမယ်အတိုးထည့်ပေးပါမယ် ပြောဆိုပြီး ချေးပါ ငှါးပါနဲ့ အချိုဆုံး အပြုံးတွေပြုံးပြကာ အိမ်ထိအိမ်ရောက်လာချေးကြတယ်။ပိုက်ဆံ ဆိုတာ ငွေတိုးထည့်ပေး မုန့်ဖိုးထည့်ပေးမှ တိုးပွားတာ မဟုတ်ဘူးကိုယ့်အိမ်မှာကိုယ် ပစ္စည်းဝယ်လှောင်ထားလည်း အချိန်နဲ့အမျှ တိုးပွားတာပဲ။အဲ့ဒါ ကို လုပ်လို့ရရဲ့နဲ့ မလုပ်ပဲချေးပါချေးပါ တဆာဆာပြောနေလို့အားနာမှု ယုံကြည်မှုပါ ငွေနဲ့အတူထည့်ချေးပေးလိုက်တာနော်။လာချေးတုန်းကတော့ အချိန်ဘယ်လောက်ဆိုပြန်ဆပ်ပါမယ်ပြောပြီးကိုယ်ပြန်မဆပ်နိုင်သေးလို့ ကြာခဲ့ရတဲ့ အချိန်ကုန်ဆုံးမှုအတွက်ထုတ်ချေးသူကို ကိုယ်ချင်းစာပါ။ အဲ့ဒီကုန်လွန်ခဲ့တဲ့ ကြာချိန် အတွင်းထုတ်ချေးပေးလိုက်တဲ့ ပိုက်ဆံကို ငွေထုတ်ချေးသူကဘယ်လောက်ထိတိုးပွားအောင်လုပ်လို့ရတယ်ဆိုတာထည့်စဉ်းစားပါ။အချိန် ကြာလာတာနဲ့ အမျှငါသူ့ကိုပေးရတာဘယ်လောက်ရှိပြီဆိုတာထက်ငါခုချိန်ထိ သူများဆီကပိုက်ဆံကို ချေးငှါထားတာ ပြန်မဆပ်နိုင်သေးလို့ ကြာနေပြီ အားနာဖို့ကောင်းနေပြီဆိုတာ နားလည်ပါ ။

သူတပါးဆီက ပိုက်ဆံကို အလကားယူသုံးလို့မရဘူးဆိုတာ ကလေးသေးသေးလေးကနေကမ္ဘာ ပေါ်ရှိလူသားတိုင်း အားလုံးသိတယ်။ဘယ်အရာမှ အလကားမရဘူးဆိုတာ သိပါတယ်နော် ။ငွေချေးယူစဉ်က ငွေချေးခွင့်ရအောင် ပြောခဲ့တဲ့ အကြောင်းပြချက်တွေကိုလည်း ပြန်သတိရ ပါ။အကြွေးစာရင်း ဆိုတာ လာချေးချိန်က စ မှတ်လိုက်တာပိုက်ဆံအကုန်ပြန်ဆပ်မှ ပြန်ဖျက်တယ်ဆိုတာ သိပါ။ချေးယူသူက ဘယ်သူမှမသိအောင်ချေးပေမယ့်ငွေထုတ်ချေးပေးသူကတော့ ကိုယ့်မိသားစု အားလုံးသိအောင်စာရင်းအားလုံးသိထားပြီးသား။အခုတော့ ကိုယ်ပြန်မဆပ်နိုင်သေးလို့လည်း ကြာသေးတယ်ပေးရတာ ဘယ်လောက်ရှိပြီလည်းတွက်နေတော့ကြာကြာမပေးချင်ရင်သူများပိုက်ဆံ ကို လာချေးတုန်းကပြောထားတဲ့ ကာလအတွင်းဆပ်နိုင်အောင်ဆပ်လိုက်လေ။အဲ့ဒါ ဆို အချိန်ဘယ်လောက်ကြာအောင်ပေးရတယ်ဆိုတဲ့စကားပြောစရာ လိုလို့လား။ကိုယ်ချေးယူထားတဲ့ ပိုက်ဆံက ကိုယ်ပြန်မဆပ်နိုင်သေးလို့ကြာနေတာ ဘယ်သူ့မှာ တာဝန်ရှိတာလဲ။ကိုယ့်ပိုက်ဆံမဟုတ်တဲ့ငွေပမာဏကို အလကားယူသုံးဖို့ဆိုရင်တော့ အရင်းနှီးဆုံး ကိုယ့်မိဘ ကိုယ်မိသားစုဆီက ယူသုံးပါ။

ကိုယ့်မိသားစုမဟုတ်တဲ့ သူစိမ်းဆီက ထုတ်ချေးပေးတာကိုပဲကျေးဇူးမတင်ပဲ အချိန်လွန်မှ တိုင်ချင်ရာတိုင်ဆိုတဲ့စကားနဲ့ငွေထုပ်ချေးသူကို ကျေးဇူးဆပ်လိုက်တာဆိုရင်ငွေချေးပေးသူကလည်းလာချေးကတည်းက ငါ့ဆီလာမချေးနဲ့ချေးချင်ရာချေးလို့ ပြောလိုက်လို့ရတယ်ဆိုတာ သိထားပါ။စချေးကတည်းက လူကြီး သက်သေဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.