Myanmar Idol ကနေပြီးတော့ပရိသတ်တွေရဲ့အားပေးမှုတွေရရှိလာတာကတော့ ရဲနောင်ပဲဖြစ်ပါတယ်။ အစပိုင်းမှာဝေဖန်မှုတွေများစွာခံခဲ့ရပေမယ့်နောက်ပိုင်းမှာ သူ့ရဲ့ရိုးသားမှုတွေကြောင့်လက်ခံလာကာပရိသတ်အားပေးမှုရရှိခဲ့တာပါ။ သူဟာ ဂီတအပေါ်လည်းရူးသွပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ခုမှာတော့သူဟာ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းကမှ ချစ်ရတဲ့ချစ်သူလေးနဲ့လက်ထပ်ခဲ့ပြီး ခုမှာတော့ဇနီးလေးဟာကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ လူမှုကွန်ရက်ကသူတို့ပုံရိပ်လေးတွေကိုကြည့်ပြီးလည်းပရိသတ်တွေကချစ်နေရတာပါ။
မကြာခင်မှာလည်းသမီးလေးဟာသူတို့မိသားစုဘဝလေးထဲကိုရောက်လာတော့မှာပါ။ ဒါကြောင့်လည်းသူတို့နှစ်ယောက်ဟာသမီးလေးအတွက်ကြိုရင်ခုန်နေကြတာပါ။ ရဲနောင်ကလည်းသမီးလေးအတွက်ကြိုးစားပြီးပိုက်ဆံလေးတွေစုနေတာပါ။ သမီးလေးအတွက်ခုထဲကကြိုးစားနေတဲ့ဖေဖေရဲနောင်ရဲ့videonလေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။