ခေတ်နဲ့သစ်ကတော့ပရိသတ်တွေအမြဲချစ်နေရတဲ့ကလေးလေးတွေဖြစ်ပါတယ်။ သူတို့ကတော့နိုင်ငံကျော်တွေဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့သမီးလေးတွေဖြစ်ပါတယ်။ မိဘတွေရဲ့ဆုံးမမှုတွေနဲ့အတူ ကလေးတွေကလည်းလိမ္မာရေးခြားနဲ့ချစ်ဖို့ကောင်းနေတာပါ။
အရင်ကဆို ခေတ်နဲ့သစ်လေးတို့ရဲ့ video လေးတွေပုံရိပ်လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်း သူတို့ပုံရိပ်လေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ ဒါမယ့်ခုတော့သူတို့မိသားစုလေးဟာလွတ်မြောက်နယ်မြေတစ်နေရာမှာရောက်ရှိနေတာပါ။
အရင်လိုပုံလေးတွေမတွေ့ရတော့ပေမယ့်လည်း မေမေဖြစ်သူနဲ့ပုံလေးတွေကိုတစ်ခါတစ်ရံတင်ပေးလေ့ရှိတာပါ။ ခုမှာလည်း ပရိသတ်တွေအလွမ်းပြေပုံရိပ်လေးတွေတင်ထားတာပါ။ မေမေနဲ့သမီးနှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။