အခက်အခဲများစွာရိုက်ကူးထားသော နိုင်ငံပျောက်သူဇာတ်ကားရဲ့နောက်ကွယ်က အမှတ်တရပုံရိပ်တစ်ချို့ကို ဝေမျှပေးလာတဲ့ ပိုင်ဖြိုးသု

နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း မတရားမှုကိုတော်လှန်နေတာကတော့ ပိုင်ဖြိုးသုလည်းအပါအဝင်ဖြစ်ပါတယ်။ အာဏာသိမ်းလိုက်ချိန်ကတည်းကပါဝင်တော်လှန်ခဲ့ပြီး ခုမှာတော့လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတာပါ။ ပင်ပန်းခက်ခဲမှုတွေရှိပေမယ့်လည်းအဆုံးထိတော်လှန်နေကြတာပါ။

သုသုဟာ တော်လှန်ရေးအတွက် အမြဲတက်နိုင်တဲ့ဘက်ကနေပါဝင်ကူညီနေတာပါ။ မကြာခင်ရက်ပိုင်းကလည်းတော်လှန်ရေးအတွက်အထောက်ကူဖြစ်မယ် “နိုင်ငံပျောက်သူ”ဇာတ်လမ်းလေးဟာပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပါ။ အဲ့ထဲမှာ သုသုပါဝင်သရုပ်ဆောင်ခဲ့ပြီး ခင်ပွန်းဖြစ်သူဏကြီးကိုယ်တိုင်ရိုက်ကူးခဲ့တာပါ။

ဒီနေ့မှာဇာတ်ကားလေးဟာထွက်ရှိခဲ့ပြီးအားပေးသူပရိသတ်တွေများစွာရရှိခဲ့တာပါ။ ဒီကားလေးရိုက်တုန်းကအခက်ခဲတွေနဲ့နောက်ကွယ်ကပုံရိပ်လေးတွေကိုလည်းခုလိုပြောပြခဲ့တာပါ။ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုရိုက်ကွင်းနောက်ကွယ်ပုံရိပ်များ.ဒီဇာတ်ကားလေးရိုက်ဖို့အခက်အခဲတွေအများကြီးကို ချစ်ခင်ရတဲ့မိတ်ဆွေများအကူအညီနဲ့ဖြတ်ကျော်ပြီး ကြိုးစားရိုက်ကူးခဲ့ပါတယ်.Emergency roomထဲရောက်သွားပြီး၃ရက်အကြာမှာရိုက်ထားတာဆိုတော့ထိုးဆေးစားဆေးတွေအရှိန်နဲ့ဖောရောင်ဖောင်းကားနေတာလေးတော့သည်းခံကြည့်ပေးကြပါဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *