မကြာခင်မှာ မွေးဖွားတော့မယ့် ချစ်ဇနီးလေးရဲ့ဗိုက်လုံးလုံးလေးအား တယုတယပွတ်သပ်ပေးရင်း ပျော်ရွှင်ကြည်နူးနေတဲ့ အိမ့်ချစ်ရဲ့ခင်ပွန်း

အိမ့်ချစ်ဆိုတာနဲ့မသိသူမရှိ နိုင်ငံကျော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ အခုမှာပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာပါ။ မကြာခင်သူ့တို့မိသားစုထဲရောက်လာတော့မယ့်သမီးလေးအတွက်ရင်ခုန်နေတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်လေးမှာလည်းခင်ပွန်းဖြစ်သူရဲ့ကြင်နာမှုတွေဂရုစိုက်မှုတွေကပရိသတ်တွေကြားအားကျနေခဲ့ရတာပါ။ ခရီး​လေးတွေထွက်ပြီးလည်းစိတ်ကိုပျော်ရွှင်အောင်နေနေတာဖြစ်ပါတယ်။ လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိပြီးချစ်နေရတာဖြစ်ပါတယ်။

သမီးလေးကို ကိုယ်ဝန်လွယ်ထားတာခုဆို၇လထဲရောက်ရှိနေပြီဖြစ်ပါတယ်။ ခုချိန်ကတည်းကသမီးလေးမွေးဖွားလာရင်ပေးမယ့်နာမည်လေးကိုလည်းစဥ်းစားပြီးသားဖြစ်ပါတယ်။ သမီးလေး နာမည်ကို ‘အမရာ’ Amara လို့ပေးမယ် ဆိုတဲ့အိမ်ချစ်တို့ဇနီးမောင်နှံရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *