သူမရဲ့သမီးလေးအတွက် ခြံထဲက Lily ပန်းလေးတွေ ကိုယ်တိုင်ခူးပေးနေတဲ့ ယောက္ခထီးအား ဗီဒီယိုလေးခိုးရိုက်ထားတဲ့ ချမ်းချမ်း

ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ချမ်းချမ်းပဲဖြစ်ပါတယ်။ သူမဟာ ခုမှာသမီးလေးရဲ့ပုံရိပ်လေးတွေ video လေးတွေကိုလူမှုကွန်ရက်ကနေပရိသတ်တွေအတွက်တင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသမီးလေးရဲ့video လေးတွေကိုကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။

သမီး​လေးဟာတဖြည်းဖြည်းနဲ့အရွယ်ရောက်လာကာချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။ အဖေဖြစ်သူဘက်က ဆွေမျိုးတွေအကုန်ဝိုင်းချစ်ခံနေရတာဖြစ်ပါတယ်။ အလုပ်အားတဲ့အချိန်လေးတိုင်း ပီလာလေးကိုအချိန်ပေးပြီးဆော့ကစားနေတာပါ။

အခုမှာလည်း ပီလာလေးရဲ့ဖိုးဖိုးဟာ Lilyပန်းလေးတွေခူးပေးနေတာပါ။ ဖိုးဖိုးကြီးက ပန်းခင်းထဲက ခူးပေးတာ လှလိုက်တာ ခူးပေးတဲ့ပန်းလေးတွေကိုအိုးလေးထဲထည့်ထားတာ တအိမ်လုံးမွှေးလို့ ကျေးဇူးပါ ပီလာလေးရဲ့ဖို့းဖိုးရေLily ပန်း အသေးလေးတွေပါဆိုပြီးသားမိနှစ်ယောက်ပျော်ရွှင်နေတာပါ။ ဘယ်လိုကြည်နူးဖို့ကောင်းလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *