ကျွန်မ၏ သားလေး မောင်ကောင်းထက်ဇော်အား ဆေးကုသခွင့်ပေးပါဟု မိခင်ဖြစ်သူတောင်းဆို
ပြင်ဦးလွင် ခရိုင်တရားသူကြီးမင်း ရှင့်
ကျွန်မ၏ သားလေး မောင်ကောင်းထက်ဇော်အား
6.4.21ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု ကြားသိရပါတယ်ရှင့်
ကျွန်မ၏ သားလေး မောင်ကောင်းထက်ဇော်နှင့်မတွေ့ရသည်မှာ
အမှုဖြစ်ပြီးနောက်ရက် 15.3.21နေ့မှ ယနေ့အထိ ဖြစ်ပါတယ်ရှင့်
ကျွန်မသားလေးသည် ညာဘက်မျက်လုံးပေါက်ထွက်ဒဏ်ရာ ဦးခေါင်းခွံအက်၍ခွဲစိတ်ဒဏ်ရာတို့ဖြင့် အိပ်ယာထဲလဲ၍ ထမင်းလဲ
မစားနိူင် လမ်းလည်း ကောင်းကောင်းမလျှောက်နိူင် စကားပင် ကောင်းကောင်း မပြောနိုင်ပါဟု ကြားသိရပါတယ်ရှင့်
ထို့ကြောင့် ကျွန်မ၏သားလေးအား လူသားချင်းစာနာ သောအားဖြင့် တရားသူကြီး ရှေ့မှောက်တွင် တွေ့ဆုံစစ်ဆေးပေး၍ ကလေး
အား လိုအပ်သော ဆေးကုသ မှုပေးပါရန် နှင့် ကလေးနှင့် ခဏလေးပဲဖြစ်ဖြစ် တွေ့ဆုံခွင့်ပေးပါရန် မိခင်တစ်ယောက်အနေဖြင့်
ထပ်မံမေတ္တာရပ်ခံတောင်းဆို အပ်ပါသည်ရှင့်
အမှုအားနားလည်သူများ ကူညီပေးစေလိုပါတယ်ရှင့်
လူ့အခွင့်အရေးဆုံးရှုံးနေသော ကျွန်မသားလေးအတွက်
Shareခြင်းဖြင့် speak out လုပ်ပေးပါရန် တောင်းဆိုပါတယ်ရှင့်
Zawgyi
မစားနိုင် လမ်းလည်း ကောင်းကောင်းမလျှောက်နိုင် စကားပင် ကောင်းကောင်း မပြောနိုင်ပါဟု ကြားသိရပါတယ်ရှင့်