မတရားမှုကို မိသားစုလိုက် တော်လှန်ရင်းရင်ဆိုင်နေရတာကတော့ ချစ်သုဝေတို့မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာ အောင်မြင်ပြီးပျော်ရွှင်စရာမိသားစုလေး ဖြစ်ခဲ့ပေမယ့်ခုမှာတော့ ပျော်ရွှင်စရာတွေနဲ့ဝေးကွာခဲ့ပါတယ်။ မိသားစုလိုက် လွတ်မြောက်နယ်မြေ တစ်နေရာမှာသွားရောက်ခိုလှုံနေရတာပါ။
အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ကြာခဲ့ပေမယ့် အားတင်းကပါဝင်အားဖြည့်နေတာပါ။ ပရိသတ်တွေကလည်း သူတို့မိသားစုလေးကို စိုးရိမ်ပူပန်နေကြတာပါ။ အရင်ကဆို လူမှုကွန်ရက်မှာ သူတို့မိသားစုပုံရိပ်လေးတွေနဲ့ ချစ်ဖို့ကောင်းနေပေမယ့် မတွေ့ရတာကြာပြီဖြစ်ပါတယ်။
တစ်ခါတစ်ရံတော့ သမီးလေးတွေနဲ့ ပုံရိပ်လေးအချို့ကို တင်ပေးလေ့ရှိတာပါ။ အခုမှာလည်း သူမရဲ့videoလေးတစ်ခုကို တင်ထားခဲ့တာပါ။ စိတ်ဓာတ်ကျနေတဲ့ ပုံရိပ်လေးအဖြစ် မြင်ရပြီးစိတ်မကောင်းစရာကောင်းနေတာပါ။ ပရိသတ်တွေလည်း အခက်ခဲတွေကို ရင်ဆိုင်ရင်း တွန်းလှန်နေတဲ့ချစ်သုဝေအတွက် အားပေး စကားလေးတွေပြောပေးသွားကြပါဦးနော်။