အလုပ်နားမယ့်ရက်မှာ လုပ်ရမယ့်အရာတစ်ခုကို အားလုံးသိသွားအောင် အွန်လိုင်းပေါ်မှတစ်ဆင့် ပြောပြလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

Live Saleလေးတွေကနေအောင်မြင်ရင်းပရိသတ်တွေရဲ့အားပေးမှုအပြည့်ရထားတာကတော့ နှိုင်းယှဥ်မြင့်မိုရ်ပဲဖြစ်ပါတယ်။ သူမရဲ့ live saleလေးတွေဟာ အားပေးသူအပြည့်နဲ့ကိုအောင်မြင်နေတာပါ။ ဒါကြောင့်လည်းသူမကို Live saleလေးတွေရောင်းချဖို့အလုပ်တွေများစွာကမ်းလှမ်းခံရတာပါ။

သူမဟာတစ်ချိန်ကရုန်းကန်လှုပ်ရှားခဲ့ရပေမယ့်ခုချိန်မှာအောင်မြင်သူတစ်ယောက်အ​ဖြစ်ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိပေမယ့်လည်း ဘဝမမေ့ပဲသူ့ရဲ့သူငယ်ချင်းတွေပါတွဲခေါ်ခဲ့တာပါ။ အခုမှာလည်း သူငယ်ချင်းနှစ်​​ယောက်စနောက်နေတာလေးကိုပြောပြထားခဲ့တာပါ။

နှိုင်းယှဥ်နားရတဲ့ရည်ရွယ်ချက်လေးဘယ်လောက်ကြီးမားလဲဆိုတာကတော့ပရိသတ်တွေအံ့သြသွားစေမှာပါ။ မိမိ_ ငါ စနေနေ့တရက်တော့နားမယ်ဟယ် မပြတ်သေးတဲ့ကိစ္စလေးတွေဖြတ်စရာရှိလို့ ပြီးတော့အဲ့နေ့ ယောက်ခမက ငါးရံ့အူဟင်းချက်ပေးမယ်တဲ့အင်ကြင်း- အေး နားလေ ဘာကိစ္စတွေ မပြတ်သေးလို့လည်းမိမိ- ငါကြည့်နေတဲ့ ယိုးဒယားကား မပြီးသေးဘူးဟယ်ပြီးအောင်ဆက်ကြည့်ရင်း အိမ်ချက် ငါးရံ့အူဟင်းနဲ့ အိမ်မှာ အားရပါးရ ထမင်းစားချင်လို့အင်ကြင်း_ ရည်ရွယ်ချက်ကြီးမားလိုက်တာ သူငယ်ချင်းရယ်ဆိုပြီးရယ်မောပျော်ရွှင်နေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.