ပညာရေးမှာ ထူးချွန်လွန်းတဲ့ တစ်ဦးတည်းသောသမီးလေးကြောင့် လူအများရဲ့ ချီးကျူးဂုဏ်ပြုခြင်း များစွာခံနေရတဲ့ မေကဗျာ

တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့အောင်မြင်မှုတွေများစွာသိမ်းပိုက်ထားနိုင်တာကတော့မေကဗျာပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိပရိသတ်တွေချစ်နေရတဲ့နိုင်ငံကျော်တစ်ယောက်ပါ။ အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ပေမယ့် လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။

Live Sale လေးတွေလွှင့်ရောင်းရပြီး ပရိသတ်အားပေးမှုတွေနဲ့အောင်မြင်နေတာပါ။ အောင်မြင်မှုတွေလည်းရရှိထားတာအပြင် ချစ်စရာကောင်းတဲ့သမီးလေးတစ်​​ယောက်ကိုလည်းပိုင်ဆိုင်ထားတာပါ။ သမီးလေးဟာရှက်တက်သူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေသိပ်တွေ့ရလေ့မရှိတာပါ။

ဒီနေ့မှာတော့သူ့သမီးလေးနဲ့ပုံရိပ်လေးတွေကိုမြင်တွေ့ရတာဖြစ်ပါတယ်။ ၁၅နှစ်လုံးကျောင်းတက်လာခဲ့တဲ့သမီးလေးဘွဲ့ယူတဲ့ပုံရိပ်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။ သမီးရောအမေရောဘယ်လောက်ချစ်ဖို့ကောင်းနေလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကြည့်ပြီးချစ်ပေးကြပါဦးနော်။

 

Leave a Reply

Your email address will not be published.