မေဦးဆိုတာနဲ့ ပရိသတ်တွေချစ်ပြီးအားပေးနေသူတစ်ယောက်ပါ။ သူဟာ နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ နိုင်ငံကျော်မင်းသမီးတွေကိုအလှဆုံးဖြစ်အောင်ဖန်တီးပေးရသူဖြစ်တာကြောင့် အနုပညာရှင်တွေကပါချစ်နေရတာပါ။
အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့သူ့ရဲ့အနာဂတ်တွေပျက်ပျက်ခဲ့ရတာပါ။ ဒါကြောင့်သူကြုံတွေခဲ့ရတဲ့အဖြစ်ပျက်တွေကိုခုလိုပဲရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။
အာဏာရူးတွေကြောင့် မြန်မာပြည်အမှောင်ကျ 2021 February လဆန်းကစပြီး ယနေ့အထိ အဝတ်လေးတွေထုပ်ထားတဲ့အထုပ်လေးတစ်ထုပ်နဲ့ ကိုယ့်အိမ်မဟုတ်တဲ့အိပ်ယာပေါင်းများစွာမှာအိပ်ခဲ့ဖူးသလို မာကြောလွန်းတဲ့နေရာတွေမှာအိပ်ခဲ့ရတဲ့အပြင် ခြင်တွေ ဖြုတ်တွေကိုက်လိုက် အေးလိုက်ပူလိုက်နေရာတွေမှာလဲ ကျောလေးဆန့်ကာမှောင်မိုက်လွန်းတဲ့ညတွေကိုဖျတ်သန်းခဲ့ရတယ်။ကျောက်ခဲလိုမာသလိုထမင်းဖြစ်ပေမယ့် မေတ္တာတွေအပြည့်နဲ့ချက်ထားတဲ့ထမင်းကိုစားခဲ့ရသလို တောထဲကထင်းတွေနဲ့မီးမွှေးပြီး တိုင်းပြည်အတွက်အသက်တွေစွန့်နေကြတဲ့ခလေးတွေကိုမိုင်လောက်ဝေးတဲ့နေရာစမ်းချောင်းမှာ ရေချိုးလိုက်အဝတ်တွေလျှော်လိုက် ရေချိုးပြီးသာပြန်လာတယ်ပြောတယ် ဖုန်လေးတွေကပ်ချွေးတွေရွှဲမွေးကတည်းကရေကြောက်တဲ့မေဦးတစ်ယောက်ရေကူးတက်ခဲ့ရတယ်။
အသက်ဆယ့်ခြောက်နှစ်ကျော်ကစလို့ မိတ်ကပ်ပြင်တဲ့စုတ်တံလေးတွေကိုင်တဲ့လက်က ကိုယ့်ထက် သုံးပြန်လောက်ကြီးတဲ့ ခန္ဓာကိုယ်နဲ့နပန်းလုံးပြီး ကိုယ့်ကိုယ်ကိုကာကွယ်တက်အောင် သင်ယူခဲ့ရတယ်။မြန်မာပြည်က ဘယ်မြို့သွားသွားဘယ်ပြည်နယ်ကိုသွားသွား မေဦးလေးနဲ့ဟန်လင်းလေးဆိုပြီး လက်ဆောင်တွေလာလာပေးကြ ဓါတ်ပုံလေးတွေလာလာအရိုက်ခံခဲ့ရတဲ့သူတွေက လှေကလေးတစ်စင်းနဲ့သောင်ရင်းမြစ်ကို ခိုးချောင်ခိုးဝှက်နဲ့ဖျတ်ပြီး ရဲတွေစစ်သားတွေလာလာစစ်လို့ နေရာတွေခဏခဏပြောင်းခဲ့ရတဲ့နေ့ရက်တွေကိုကျော်ဖျတ်ခဲ့ရတယ်။သောင်းရင်းမြစ်ကိုကျော်လွန်တဲ့နေ့ရက်တွေမှာ ထိုင်းရဲနဲ့ထိုင်းစစ်သားတွေမဖမ်းအောင် မိသားစု မောင်နှမလို အချစ်ဆုံးသူငယ်ချင်းလို ဆရာမနဲ့ အကိုရဲ့စီစဉ်ပေးတဲ့ တစ်လတစ်ခါ ဘတ် ၅၀၀ ပေးရတဲ့ ရဲမဖမ်းတဲ့တရားမဝင်ကဒ်လေးကိုင်ပြီးငါဘယ်သူလဲဆိုတာမေ့ထားခဲ့ရတဲ့နေ့ရက်တွေကိုကျော်လွန်ခဲ့ဖူးတယ်။သူများနိုင်ငံတွေသွားတိုင်း အနီရောင် passport လေးကိုင် မြန်မာပြည်ရဲ့ထိပ်တန်းတွေကိုပြင်ပေးရတဲ့ make up artist ပါဆိုပြီးခေါင်းမော့ရင်ကော့သွားခဲ့ရတဲ့သူတစ်ယောက်က သူများနိုင်ငံခိုလှူံတဲ့ စာရွက်တစ်ရွက်ကိုင်ပြီး နိုင်တစ်ချို့ရဲ့ လေဆိပ်တွေကိုဖျတ်တဲ့အခါ မျက်ရေတွေတစ်သွင်သွင်စီးကျလို့ ရှိုက်ကြီးတစ်ငင်ငင်နဲ့ မြန်မာပြည်ကိုပြေးသာပြန်လိုက်ချင်တဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်ကမ္ဘာပေါ်မှာလူတော်တော်များများက အထင်ကြီးကြတဲ့ America နိုင်ငံကြီးကို ပထမအကြိမ် အမလိုချစ်ရတဲ့မိသားစုရဲ့ပံ့ပို့မှုနဲ့အပြင်ကိုယ့်ငွေနဲ့ခြေမိုးပြီး Manhattan downtown မှာအခန်းငှါးနေ make up school ကိုသွားတက်ခဲ့တဲ့မေဦး ဒုတိယအကြိမ် New York fashion weeks ကိုမြန်မာပြည်ရဲ့ပညာရှင်အနေနဲ့ဖိတ်ကြားခံရလို့သွားခဲ့ရတဲ့မေဦးက US ကိုနိုင်ငံရေးဗန်းပြပြီးထွက်ပြေးသွားတယ်လို့အပြောခံရတဲ့နေရက်တွေနဲ့ ကြေကွဲစာနေခဲ့ရတယ်။
နေ့ရက်တိုင်းမှာအိမ်ရှေ့ထိလာကြိုပေးတဲ့ driver ကားကိုစီး Assistant 5 ယောက်နဲ့ အမြဲ make up တွေပြင် တခါတစ်လေ shooting မှာ assistant တွေများလို့လူလျှော့ပေးပါလို့ ပြောခံရဲ့ အခြွေအရံတွေများတဲ့ မေဦးက နတ်ပြည်လို့ထင်ကြတဲ့ New York မြို့မှာ US အစိုးရကပေးထားတဲ့ဝင်ငွေမရှိတဲ့သူတွေသုံးတဲ့ public သုံးရထားနဲ့ bus ကားစီးတဲ့ ကဒ်လေးသုံးပြီး မရေရာတဲ့နေ့ရက်တွေကိုဖျတ်သန်းနေရတယ်။ရင်ထဲမှာကြွေကွဲမှု မတရားခံရမှုနားကြည်းမှု ပေါင်းများစွာနဲ့ရေးမိတဲ့စာကို စာအရှည်ကြီးရေးdrama တွေခင်းတယ်လို့ပြောခံရတော့မယ့်မေဦး ဘဝပျောက်နေပြီးလို့ခံစားနေရတဲ့မေဦးကို5.6.2022 မှာမြန်မာနိုင်ငံသူနဲ့ American သားကမွေးတဲ့ 5 နှစ်သမီးလေးတစ်ယောက်က မေဦးကိုလာတွေ့တဲ့အချိန်မှာ မေဦးအတွက်အိမ်ကနေပုံလေးဆွဲလာပေးတာတဲ့ဘဝမှာ 5 နှစ်သမီးတစ်ယောကပထမဆုံးပေးတဲ့လက်ဆောင်အောက်ပုံလေးကိုရတဲ့အချိန်မှာ အော်ငါဘယ်သူလဲလို့ပြန်တွေးရင်းမချိတင်ကဲအပြုံးလေးပြုံးကာ …..ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။