ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ စန္ဒီမြင့်လွင်တို့မိသားစုလေးပဲဖြစ်ပါတယ်။ အရင်ကတော့အမေဖြစ်သူကိုပဲချစ်နေရပေမယ့် ခုမှာတော့သမီးလေးကိုပါချစ်မဝဖြစ်နေရတာပါ။ သမီးလေးဟာတဖြည်းဖြည်းနဲ့စကားလေးတက်ပြီးချစ်စရာကောင်းနေတာပါ။
သူတို့မိသားစုလေးဟာ သမီးလေးကြောင့်လည်းပိုပြီးပျော်ရွှင်စရာကောင်းလာတာပါ။ ဒါကြောင့်လည်းပရိသတ်တွေအားကျရတဲ့မိသားစုလေးဖြစ်နေရတာပါ။ မိသားစုပုံရိပ်လေးတွေ သမီးလေးရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်မှာအမြဲတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။
အခုမှာလည်းသမီးလေးရဲ့video လေးကိုကြည့်ပြီးချစ်မဝဖြစ်စေဦးမှာအမှန်ပါပဲ။ ထရက်ရှာလေးတစ်ယောက် ရှုတင်မှာကိုယ်တိုင်အလှလေးတွေပြင်နေတာဖြစ်ပါတယ်။ အသက်၃နှစ်တောင်မပြည့်သေးပေမယ့် ကိုယ်တိုင်အလှတွေပြင်တက်နေပြီဖြစ်တဲ့ ထရက်ရှာလေးရဲ့video လေးကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။