စိုးမြတ်နန္ဒာဆိုတာနဲ့ပရိသတ်တွေချစ်နေရတဲ့အနုပညာရှင်တွေထဲကတစ်ယောက်ပါ။ စိုးညီမတွေလို့လူသိများတဲ့ထဲက စိုးမြတ်သူဇာပြီးရင်အကြီးဆုံးအမဖြစ်ပါတယ်။ သူတို့ညီမတွေဟာပရိသတ်တွေအားကျရပြီး အကုန်လုံးကလည်းအောင်မြင်သူတွေအဖြစ်ရပ်တည်နိုင်တာပါ။
စိုးမြတ်နန္ဒာကလည်း ဗီဒီယိုဇာတ်ကားတွေနဲ့နာမည်ကြီးခဲ့တာဖြစ်ပြီးယနေ့ထိအားပေးနေကြတုန်းပါ။ ပျော်ရွှင်စရာကောင်းတဲ့ relationship လေးကိုလည်းပိုင်ဆိုင်ထားတာပါ။ သူတို့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးနေကြတာပါ။
အခုမှာတော့မတင်တာကြာပြီဖြစ်တဲ့သူတို့ပုံရိပ်လေးတွေကိုတင်ထားတာပါ။ မြန်မာဝတ်စုံနဲ့အမိုက်စားကားသစ်ကြီးပေါ်မှာ စတိုင်ကျနေကြတာပါ။ သူတို့နှစ်ယောက်ဘယ်လောက်တောင်လိုက်ဖက်နေလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။