မျက်မှန်တပ်ရလို့စိတ်ညစ်နေသူတွေအတွက်မျက်မှန်ချွတ်ရလောက်အောင်စွမ်းတဲ့ဆေးနည်း
မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့်ပါဝါ (+၁၅၀) ဒီဂရီ မျက်မှန် တပ်ခဲ့ရသည်။
အခု အသက် (၄၀) ကျော်မှ မျက်မှန်လွတ်လေတော့
ထူးဆန်းနေသလို အများက ထင်ကြတော့သည်။
ဆေးနည်း အချိုးအစားအတိုင်း လွယ်ကူစွာ ဖေါ်စပ်ရန် ဖြစ်လေသည်။
ဆေးနည်း
(၁) ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ဖယ် နေလှန်း အမှုန့် ပြုလုပ်ရန်။
(၂) ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာ အလိုအလျောက် သဘာဝအတိုင်း အခြောက်ခံ အမှုန့်ပြုရန်။
(၃) ကွမ်းရွက်ကို အခြောက်လှန်း အမှုန့်ပြုရန်။
(၄) ပျားရည်စစ်စစ်
ထို (၄) မျိုးသာ လိုပါသည်။
ယခုခေတ်ကာလ မျက်မှန်ကောင်း တစ်လက်လုပ်ပါမူ
ကာလတန်ဖိုးလေးသောင်းငါးသောင်း မက ကုန်သည်သာ။
နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလို ဖြစ်ပြန်သည်။
မျက်မှန် မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုံးပွတ်ဖို့ အကုန်ခက်ချေသည်။
မျက်မှန် ပါဝါက အကျမရှိအတက်သာ ။
ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက် ကြောကတက် စိတ်ကပျက် ဖြစ်ရပြန်သည်။
သုံးဆောင်ရန်
ညအိပ်ပြီဆိုပါလျှင် ဆီးဖြူသီးမှုန့် လက်ဖက်စားဇွန်း (၁) ဇွန်း၊
ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း၊
ကွမ်းရွက်ခြောက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း၊ ထိုဆေးသုံးပါးအား
ပျားရည် လက်ဖက်စားဇွန်း (၃) ဇွန်းနှင့် ရောမွေ၍ စားပေးရန်သာ ဖြစ်သည်။
သုံးလသာ ပုံမှန်မပျက် ယုံကြည်ချက်ဖြင့် စားပေးပါမျက်စိ ကြည်လင်လာပြီး မျက်မှန်လွတ်မှာ သေချာနေပါလိမ့်မည်။
ထိုမျှမက အကျိုးရလဒ်က အညောင်းအညာပါ ပြေလာပါလိမ့်မည်။ ပေးသူက ပေးလေပြီ။
မြန်မာတိုင်းရင်းဆေး အစွမ်းအား လက်တွေ့ လုပ်ဆောင်ခြင်းဖြင့် ဂုဏ်ကို မြင့်တင်ကြပါစို့။
Zawgyi
မ်က္မွန္တပ္ရလို႔စိတ္ညစ္ေနသူေတြအတြက္မ်က္မွန္ခြၽတ္ရေလာက္ေအာင္စြမ္းတဲ့ေဆးနည္း
မႈန္ဝါးဝါးမို႔ ဆရာဝန္ျပၾကည့္ေတာ့ အနီးၾကည့္ပါဝါ (+၁၅၀) ဒီဂရီ မ်က္မွန္ တပ္ခဲ့ရသည္။
အခု အသက္ (၄၀) ေက်ာ္မွ မ်က္မွန္လြတ္ေလေတာ့
ထူးဆန္းေနသလို အမ်ားက ထင္ၾကေတာ့သည္။
ေဆးနည္း အခ်ိဳးအစားအတိုင္း လြယ္ကူစြာ ေဖၚစပ္ရန္ ျဖစ္ေလသည္။
ေဆးနည္း
(၁) ဆီးျဖဴးသီးကို ထုေထာင္းၿပီး အေစ့ဖယ္ ေနလွန္း အမႈန႔္ ျပဳလုပ္ရန္။
(၂) ႀကိတ္မွန္႐ြက္ကိုခူး အရိပ္မွာ အလိုအေလ်ာက္ သဘာဝအတိုင္း အေျခာက္ခံ အမႈန႔္ျပဳရန္။
(၃) ကြမ္း႐ြက္ကို အေျခာက္လွန္း အမႈန႔္ျပဳရန္။
(၄) ပ်ားရည္စစ္စစ္
ထို (၄) မ်ိဳးသာ လိုပါသည္။
ယခုေခတ္ကာလ မ်က္မွန္ေကာင္း တစ္လက္လုပ္ပါမူ
ကာလတန္ဖိုးေလးေသာင္းငါးေသာင္း မက ကုန္သည္သာ။
ေနရာတကာ မ်က္မွန္မပါေတာ့ စိတ္ပ်က္ဖြယ္ အကန္းႀကီးလို ျဖစ္ျပန္သည္။
မ်က္မွန္ ေမ့က်န္ပါလွ်င္ ဘာမွမျမင္ရခ်င္ေတာ့၊ စာဖတ္ဖို႔၊ ဖုံးပြတ္ဖို႔ အကုန္ခက္ေခ်သည္။
မ်က္မွန္ ပါဝါက အက်မရွိအတက္သာ ။
ထိုမွ်မက ပါဝါမကိုက္ပါလွ်င္ ဇက္ ေၾကာကတက္ စိတ္ကပ်က္ ျဖစ္ရျပန္သည္။
သုံးေဆာင္ရန္
ညအိပ္ၿပီဆိုပါလွ်င္ ဆီးျဖဴသီးမႈန႔္ လက္ဖက္စားဇြန္း (၁) ဇြန္း၊
ႀကိတ္မွန္႐ြက္မႈန႔္ လက္ဖက္စားဇြန္း(၁)ဇြန္း၊
ကြမ္း႐ြက္ေျခာက္မႈန႔္ လက္ဖက္စားဇြန္း(၁)ဇြန္း၊ ထိုေဆးသုံးပါးအား
ပ်ားရည္ လက္ဖက္စားဇြန္း (၃) ဇြန္းႏွင့္ ေရာေမြ၍ စားေပးရန္သာ ျဖစ္သည္။
သုံးလသာ ပုံမွန္မပ်က္ ယုံၾကည္ခ်က္ျဖင့္ စားေပးပါမ်က္စိ ၾကည္လင္လာၿပီး မ်က္မွန္လြတ္မွာ ေသခ်ာေနပါလိမ့္မည္။
ထိုမွ်မက အက်ိဳးရလဒ္က အေညာင္းအညာပါ ေျပလာပါလိမ့္မည္။ ေပးသူက ေပးေလၿပီ။
ျမန္မာတိုင္းရင္းေဆး အစြမ္းအား လက္ေတြ႕ လုပ္ေဆာင္ျခင္းျဖင့္ ဂုဏ္ကို ျမင့္တင္ၾကပါစို႔။