အိမ်နောက်ဖေးမှာ စိုက်ထားတဲ့ အရွက်တွေကိုခူးပြီး ပကာသနကင်းမဲ့စွာဖြင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်နေတဲ့ တက္ကသိုလ်ဂွမ်းပုံ

ဂွမ်းပုံဆိုတာနဲ့ဗီဒီယိုခေတ်ဇာတ်ကားတွေ ရုပ်ရှင်ကားကြီးတွေမှာအမြဲလိုလိုပါဝင်သရုပ်ဆောင်ခဲ့ရသူတစ်ယောက်ပါ။ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်ပေမယ့်လည်းသူ့ရဲ့ကြိုးစားမှုတွေကြောင့်ဇာတ်ကားတိုင်းမှာတွေ့နေရတာပါ။ ပရိသတ်တွေအားပေးမှုအများဆုံးရရှိထားသူလည်းဖြစ်ပါတယ်။

သူမပါဝင်တဲ့ကာရိုက်တာလေးတွေကနေ ပရိသတ်တွေပျော်ရွှင်အောင်အမြဲဖန်တီးပေးနိုင်သူပါ။ နိုင်ငံကျော်မင်းသားမင်းသမီးတွေကပါလေးစားချစ်ခင်နေရသူပဲဖြစ်ပါတယ်။ ယနေ့ချိန်ထိသူမကိုချစ်တဲ့ပရိသတ်တွေကများစွာပဲဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့သူမဟာအနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာပါ။ ဒါပေမယ့်လည်း လူမှုကွန်ရက်ကနေသူမရဲ့ဘဝကိုအေးချမ်းစွာဖြတ်သန်းတဲ့ပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ အခုမှာလည်းသူမအိမ်နောက်ဖေးကအရွက်လေးတွေခူးပြီးဟင်းလေးတွေချက်ထားတာပါ။ သူမရဲ့လက်ရာလေးကိုတော့အောက်ကပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *