ညီမလေးတို့ ဇနီးမောင်နှံရဲ့လတ်တလောအခြေအနေအသေးစိတ်ကို သူမသိသလောက် ထုတ်ဖော်ပြောပြလာတဲ့ အူဝဲရဲ့အစ်မ အိကျော်ဇင်

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကတော့ပြည်သူချစ်ရတဲ့နိုင်ငံကျော်အနုပညာရှင်တွေပဲဖြစ်ပါတယ်။ သူတို့ကတော့ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်အချိန်တော်ကြာထိန်းသိမ်းခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ လပိုင်းကမှ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

လွတ်မြောက်ပြီးမှာလည်း ပရိသတ်တွေရှေ့ကိုထွက်မလာသေးတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်းသူတို့ကိုစောင့်မျှော်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းသူတို့နဲ့ပတ်သက်တဲ့သတင်းတွေအမျိုးမျိုးထွက်ပေါ်လာခဲ့တာပါ။

ဒါကြောင့်လည်းသတင်းအမှားတွေကိုမယုံကြည်ဖို့ခုလိုပဲသူမမိသားစုဝင်တွေကပြောပြခဲ့တာပါ။ မောင်လေးပြေတီဦးနဲ့ညီမလေး အိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေအခုတလောခဏခဏတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကိုတန်ဖိုးထားပြီး ချစ်ပေးတဲ့ ပရိသတ်တွေအနေနဲ့ မိသားစုကတင်တဲ့သတင်းကလွဲလို့ဘယ်သတင်းမှ မယုံကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ညီမလေး အိန္ဒြာကျော်ဇင်ဟာ အခုအချိန်မှာ တစ်ချို့သော ကျန်းမာရေးပြဿနာတွေရှိလို့ ဆေးကုသမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း အနားယူနေရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ကိုယ်တိုင်ပရိသတ်ရှေ့ကို မထွက်နိုင်ခင်မှာ သူချစ်တဲ့ ပရိသတ်နဲ့ ထိတွေ့နိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားနေတယ်လို့လဲ ညီမလေးကပြောပါတယ်။ဒါကြောင့် မိသားစုက အတည်ပြုထားခြင်း မရှိတဲ့ သတင်းအမှားတွေအတွက် မစိုးရိမ်ကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်ဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published.