အရေးပေါ် ဆေးရုံတင်ပြီး ကုသမှုခံယူနေရတဲ့ ချစ်သူလေးအတွက် အဝေးကနေ စိုးရိမ်ပူပန်နေရတဲ့ မြတ်သူသူ

MRTV-4ဇာတ်လမ်းတွဲလေးတွေကနေပရိသတ်တွေအားပေးမှုတွေရရှိကာအောင်မြင်လာတာကတော့ မြတ်သူသူပဲဖြစ်ပါတယ်။သူမရဲ့ကြိုးစားမှုတွေကြောင့်အချိန်တိုအတွင်းမှာအောင်မြင်မှုတွေရရှိလာခဲ့တာပါ။ ခုမှာတော့နာမည်ကျော်တစ်ယောက်အဖြစ်ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကြော်ငြာလေးတွေလည်းများစွာရိုက်ကူးနေရတာပါ။ လူမှုကွန်ရက်မှာလည်းပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးပရိသတ်တွေကချစ်နေရတာပါ။ အောင်မြင်မှုတွေများစွာရရှိထားတဲ့အပြင် ပျော်ရွှင်စရာကောင်းတဲ့ Relationship လေးကိုလည်းပိုင်ဆိုင်ထားတာပါ။

သူ့ချစ်သူရဲ့ကြင်နာဂရုစိုက်မှုလေးတွေကြောင့်လည်းပရိသတ်တွေကပိုအားကျနေရတာပါ။ အခုမှာလည်းသူ့ရဲ့ချစ်သူလေးနေမကောင်းဖြစ်တာကြောင့်စိတ်ပူနေရတာလည်းဖြစ်ပါတယ်။ ကိုယ့်က သူ့ကိုစိတ်ပူလို့ ဆေးရုံလိုက်သွားချင်တယ်သူက ကိုယ့်ကိုစိတ်ပူလို့ အိမ်မှာပဲနေစေချင်တယ်တနယ်ဆီဝေးနေတော့ စိတ်ရှိတိုင်းပြေးသွားလို့လည်းမရဘူးစိတ်တွေပူရလို့လည်း အိပ်မရဘူးအမြန်ဆုံးသက်သာပါစေ ချစ်ရတဲ့သူရယ်ဆိုပြီးစိတ်ပူနေတဲ့ မြတ်သူသူအတွက်အားပေးစကားလေးပြောပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published.