ဖေဖေရဲ့လက်မောင်းလေးကို မှီပြီး သာယာနေတာကို လိုက်ဖျက်ဆီးနေတဲ့ မေမေ့အား စိတ်တွေတိုနေတဲ့ Treasure လေးရဲ့ဗီဒီယိုဖိုင်

စန္ဒီမြင့်လွင်ဆိုတာနဲ့ပရိသတ်အချစ်တွေအပြင်ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ ထရက်ရှာဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ သမီးလေးရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေချစ်မဝဖြစ်နေရတာပါ။

စကားလေးတွေလည်းပြောတက်အရွယ်လည်းရောက်လာတဲ့သမီးလေးရဲ့ video လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။ သမီးလေးဟာ ဖေဖေချစ်သမီးလေးဖြစ်တာကြောင့်လည်း video လေးတိုင်းကရယ်မောနေရတာပါ။ ဒါကြောင့်နောက်ပိုင်းဖေဖေနဲ့ဆော့ကစားနေတဲ့video လေးတွေကိုပိုအတွေ့များလာတာပါ။

အခုမှာလည်း ထရက်ရှာရဲ့video လေးကိုကြည့်ပြီးရယ်မောချစ်ခင်စေဦးမှာအမှန်ပါပဲ။ မိသားစုသုံးယောက်ကားမောင်းရင်း video ရိုက်တာကို ဖေဖေနဲ့ပဲရိုက်ချင်တဲ့သမီးလေးကြောင့်မေမေတစ်ယောက်ကြည့်ပြီးရယ်မောနေရတာပါ။ ထရက်ရှာတစ်ယောက်မေမေ့ကိုဖယ်ပြီး ဖေဖေနဲ့ဘယ်လိုချစ်ဖို့ကောင်းအောင်video လေးရိုက်ထားလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *