မျိုးစန္ဒီကျော်ဆိုတာနဲ့တစ်ချိန်ကအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့နိုင်ငံကျော်တစ်ယောက်ပါ။ အနုပညာလောကမှာ ဗီဒီယိုဇာတ်ကားတွေများစွာရိုက်ကူးခဲ့ရတဲ့အောင်မြင်သူတစ်ယောက်ပါ။ ယနေ့ချိန်ထိတိုင်ပရိသတ်အားပေးမှုတွေအပြည့်ရရှိထားသူပါ။
သူမဟာ အခုနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာပါ။ ဒါပေမယ့်လည်းလူမှုကွန်ရက်မှာပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးပရိသတ်တွေချစ်နေရတာပါ။ သူတို့မိသားစုရဲ့ပျော်ရွှင်စရာပုံရိပ်လေးတွေကပရိသတ်တွေကြားရေပန်းစားအားကျနေရတာပါ။
နောက်ပိုင်းမှာလည်း သူမဟာ Live လေးတွေလွှင့်စျေးရောင်းနေတာပါ။ အခုသူ့ရဲ့ live saleလေးမှာအောင်မြင်ခဲ့တာအကြောင်းပြောပြထားတာပါ။ ရောင်းချိန် ၇နာရီ ကျော်ရောင်းရပစ္စည်း ၇၀ ကျော်ရောင်းရငွေ သိန်း၇၀၀ ကျော် တဲ့.. ၁၁နေ့ Live Sales က ထင်တားသလို အောင်မြင်တယ် ဆိုရမလား..၁၂ ရက်နေ့ နေ့လည် မှ အိမ်ပြန်ရောက်ဖြစ်တယ် ခဏနား ရေမိုးချိုး ပြန်ထွက်ရတယ်။ညနေ သုံးနာရီ ခိုင်ထက်ကျော် တို့ မုဒိတာ အိမ်ယာ ၁ ထဲမှာ ထမင်းစတုဒီသာကျွေးတာကို သွားပြန်လှူ ရမယ်။ ညီမလေး က အရမ်းပြည့်ပြည့်စုံစုံ စဥ်းစားတတ်ပြီး သူ့အမျိုးသား မောင်လေးစိုးထက်လင်း က နောက်ပိုင်းက အပြည့်စုံဆုံး စီမံ ကွပ်ကဲ နိုင်တာမို့ အစစအရာရာ
ဂျိုး အတွက် အများကြီး အကူအညီရ အားလည်းကိုးရ ကျေးဇူးလည်း ရှိတဲ့ လင်မယား ပါပဲ.. အခုလည်း Live လေး ရောင်းရတာနဲ့ အလှူတစ်ခုကို ချက်ချင်းစီစဉ်ပါတော့တယ်။အမှန်က ဂျိုး တို့ ၁၁ရက်နေ့ Live ရောင်း နေကတည်း အပြင်မှာ ဒီနေ့အလှူ မှာကျွေးမယ့် ဘဲဥ ပြုတ် ကိုခွာ တဲ့သူကခွာ နေပါပြီ ။ မုဒိတာ အိမ်ယာကို ရောက်တော့ နေ့လည် သုံးနာရီ ခွဲနေပြီ ဟိုမှာ ခိုင်ထက်ကျော်က စကျွေးနေပြီ.. ဂျိုးတို့လည်း ဟက်ထိုးကျ ဆာနေပြီမို့ စားနေသူတွေကို နုတ်ဆက်ရင်း အတင်းဝင်စားရင်း အခုထိ ဂျိုး ရောင်းတဲ့ ကောင်တာထဲက ဆက် တင်နေတဲ့ အော်ဒါတွေ လက်ခံနေတဲ့ခိုင်ထက်ကျော် ကို လှမ်းမေးမိတယ်
ညီမလေး မနေ့က အရောင်းဘယ်လောက် တက်သလဲပေါ့ ဆိုတော့ သူက သူပုံစံအတိုင်း ခပ်ပြုံးပြုံးလေး လုပ်ရင်း ဖြေတယ်..ဒီတစ်ခေါက်တော့ မကြီး ပရိတ်သတ်ကို ခပ်ဆန်းဆန်းလေး ဝမ်းသာ စကားပြောလို့ ရပြီ မကြီးတဲ့ ရောင်းချိန် ခုနှစ်နာရီကျော်ရောင်းရ ပစ္စည်း ခုနှစ်ဆယ်ကျော်ရောင်းရ ငွေ သိန်း ခုနှစ်ရာကျော်တဲ့ဂျိုးလည်း ဝမ်းသာသွားတယ် ဘေးက လူကဝင်ထောက်တယ် အလှူကို ဂျိုး ဝတ်လာတဲ့ စပို့ရှပ်အဖြူရောင်လက်မောင်းမှာပါတဲ့ဂဏန်းက ဆဲဗင်းတဲ့တကယ်တော့ ဂျိုး မွေးနေ့ကလည်း ခုနှစ်ရက်နေ့လေ..။လပ်ကီးဆဲဗင်း လွှမ်းတဲ့ နေ့ရက်တွေပေါ့..ကဲ အားလုံး ကံကောင်းခြင်းတွေနဲ့ နောက်Live sales ကို ဂျိုးတို့ ပြန်တွေ့ရအောင်ပါဆိုပြီးရေးသားခဲ့တာပါ။