ချစ်ရတဲ့ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက်သွားခဲ့ပေမယ့် ယနေ့ထိပရိသတ်တွေမေ့မရနေရတာကတော့ ရေမွန်ပဲဖြစ်ပါတယ်။ သူ့ရဲ့သီချင်းလေးတွေဟာ ယနေ့ထိလူငယ်ပရိသတ်တွေနားထောင်နေကြတုန်းဖြစ်ပြီးသတိရနေဆဲပါ။ ဒီလကတော့ သူထွက်ခွာသွားခဲ့တဲ့နှစ်ပတ်လည်လပဲဖြစ်ပါတယ်။
ကျန်ရစ်သူတွေဖြစ်တဲ့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့ကလည်းယနေ့ထိသူ့ကိုမေ့မရဆဲဖြစ်ပါတယ်။ ဒီနေ့လေ့မှာလည်းသူမရဲ့လူမှုကွန်ရက်ကစာလေးကြောင့်ပရိသတ်တွေစိတ်မကောင်းခဲ့ရတာပါ။ ဘာလိုလိုနဲ့ နှစ်တစ်ပါတ်လည်ခဲ့ပြီ၁၂ လရာသီထဲမှာ ဒီ( June) လကိုအမုန်းဆုံးပါဘဲ..မကြုံမဆုံချင်တော့ဘူးJUNE ရောက်မှာကြောက်နေပြီမနှစ်က ပုံရိပ်တွေ မျက်ဝန်းထဲမှာအတိအကျ ပြန်မြင်ယောင်လာတယ်..တွတ်ပီအိမ်ခန်းကိစ္စနဲ့ ခဏပြန်ဆင်းဖို့June 12 တစ်နေ့လုံးအထုတ်အပိုးတွေပြင်၊သိမ်းဆည်းတာ ညအတော်မိုးချုပ်မှပြီးတယ်လက်ထဲကျန်တဲ့ ငွေကြေးအနဲငယ်တွတ်ပီလက်ထဲထည့် ချွေတာသုံးဖို့အစစဂရုစိုက်ဖို့မှာတုန်းသူက(မေကြီး..ညောင်းနေမှာဘဲနှိပ်ပေးရမလား)မေးတော့ည ၁၂ ထိုးပြီတွတ်ပီ မအေကိုနှိပ်ပေးမလို့ပြင်တုန်းဖုံးဝင်လာတယ်မအေနဲ့သား ခေတ္တခွဲကာနီး(အဲ့တုန်းကတော့ အပြီးခွဲရလိမ့်မယ်လုံးဝမထင်ခဲ့တာ)မှာစရာ၊ပြောစရာတွေမှ အများကြီး အလိုက်ကန်းဆိုးမသိ၊လူကြီးမှန်းမသိဖုံးဆက်ပြီးအချိန်ပြည့်ပြသနာရှာနိုင်စားခဲ့တဲ့(အရစ်မ/လူဆိုးမ)ပြသနာရှာတာအားရလို့၊ဝလို့ဖုံးချသွားတော့နောက်နေ့မနက်(2:30)ရှိသွားပြီအဲ့တော့မှအိပ်ချင်မူးတူးနဲ့အနှိပ်ခံရတယ်။
နှိပ်ပေးတဲ့သူကလဲ ငိုက်နေပြီမိုးအရမ်းချုပ်နေပြီမို့ သားအမိတွေဘာစကားမှတောင်အေးဆေးမပြောရ မတိုင်ပင်လိုက်ရဘူး။သူ့ လက်ချောင်းသွယ်သွယ်၊ရှည်ရှည်လေးနဲ့(Rocker ကြီးရဲ့လက်က) မထင်ရလောက်အောင်အမေ့ရဲ့ကိုက်ခဲညောင်းညာမှုတွေပြေစေတာလွမ်းမိတယ်။သူ့အနင်းအနှိပ်မခံရတော့တာတစ်နှစ်တင်းတင်းပြည့်ပြီ ဒီလိုနဲ့မနက်လင်းတော့ ကားဂိတ်မဆင်းခင်လေးမှာစရာရှိတာအမြန်မှာ၊သားအမိနှစ်ယောက်အပြန်အလှန်နမ်းကြပြီးမခွဲခင်(တွတ်ပီရေ..မေမေသိပ်မကြာဘူးအိမ်ကိစ္စရှင်းပြီးတာနဲ့ပြန်လာမှာဒီကြားထဲအစစဂရုစိုက်နေထိုင်ပါမေမေစိတ်ပူရမဲ့၊စိတ်ညစ်ရမဲ့ကိစ္စတွေဘာမှမဖြစ်စေနဲ့၊မလုပ်နဲ့နော်)လို့မှာတော့(စိတ်ချပါမေကြီး၊ဘာပြသနာမှမဖြစ်စေရဘူးဂတိပေးပါတယ်)တဲ့(အမြဲတမ်း ဂတိတည်ခဲ့သူက အခုတစ်ခါ ဂတိပျက်ပြီ) နှုတ်ဆက်ပြီး၊သူကျန်ခဲ့တယ် အဲ့ဒီနေ့(13.6.22) ဟာတွတ်ပီလေးကို အသက်ရှင်လျက်နဲ့နောက်ဆုံးတွေ့ဆုံ၊နမ်းရှုံ့၊နှုတ်ဆက်ခဲ့ရတဲ့နေ့ရက်လေးပါဘဲဘယ်တော့မှ မမေ့တော့ဘူး
ရင်တွေလဲကွဲကြေနာကျင်ရတာအကြိမ်ပေါင်းမရေတွက်နိုင်တော့ပါဘူးလွမ်းတယ် တွတ်ပီရေ…(သားဆုံးရှုံးထားတဲ့အမေရဲ့တစ်နှစ်ပြည့် ပေါ်လာတဲ့ စိတ်ဒဏ်ရာနဲ့အလွမ်းပါ မစာနာတတ်သူများ မဖတ်ဘဲကျော်သွားနိုင်ပါတယ် မျက်ရည်ချူလို့မပြီးနိုင်ဘူး ဆိုတဲ့သူတွေကိုတော့တိရစ္ဆာန် စိတ်ပေါက်နေတဲ့လူ မည်ကာမတ္တများလို့ဘဲသတ်မှတ်ပါတယ်$ ဂရုလဲ မစိုက်ပါဘူးမျက်ရည်ကလဲချူစရာမလိုလောက်အောင်ပူလောင်လွန်းလို့ကျခဲ့ရတဲ့အစစ်အမှန်တွေပါ)ပုံလေးကသူမဆုံးခင် ရက်ပိုင်းလေးကပုံလေးပါ)ဆိုပြီးခံစားချက်လေးကိုထုတ်ပြခဲ့တာပါ။