တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ချစ်သူရဲ့နောက်ကွယ်က အခြေအနေတစ်ချို့ကြောင့် အရှက်ရစရာဖြစ်ခဲ့တဲ့ ပိုင်တံခွန်

အသက်ငယ်ငယ်လေးနဲ့နိုင်ငံတစ်ကာထိအောင်မြင်မှုတွေရရှိနေတာကတော့ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ထိန်းသိမ်းခံရကတည်းက ပရိသတ်တွေကြားရေပန်းစားနေတာပါ။ လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း လူမှုကွန်ရက်မှာအားပေးသူအပြည့်နဲ့အောင်မြင်နေတာပါ။

လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေများစွာကိုတင်ပေးလေ့ရှိတာပါ။ ဒါ့အပြင် သူမရဲ့ကောင်မလေးနဲ့ပုံရိပ်လေးတွေကိုလည်းချပြခဲ့တာပါ။ အခုမှာတော့ပိုင်တံခွန်ဟာသူ့ကောင်မလေးကြောင့်ဝေဖန်မှုတွေထွက်ပေါ်လာခဲ့တာပါ။ သူ့ကောင်မလေးကို Boycottရမယ့်အကြောင့်အရာတွေကိုလည်းခုလိုအချက်အလက်အပြည့်စုံနဲ့ပြောပြခဲ့တာပါ။

အခုတစ်ခါ Boycott လုပ်ရမယ့်တစ်ယောက်ကတော့ ဘယ်သူမှမထင်မှတ်ထားတဲ့ လူတကာချစ်နေတဲ့ ” ပိုင်တံခွန် “ရဲ့ကောင်မလေး ဘောမ အလှည့်ပဲဖြစ်ပါတယ်စစ်တပ်ရဲ့အသိုင်းအဝိုင်းကဖြစ်သလို၊ ခရိုနီအသိုင်းအဝိုင်းထဲကလဲဖြစ်တဲ့ သူကအရင်အကောင့်ပိတ်ထားပြီးနောက်ထပ်အကောင့်အသစ်တစ်ခုဖွင့်သုံးနေပါတယ်။ ” ပိုင်တံခွန် ” ကအရင်စာချုပ်လက်ကျန်ရှိနေသေးတော့Tiger ကြေငြာတွေလဲရိုက်ဖို့လက်ခံရတယ်လို့သိရပါတယ်။ ဘယ်လောက်တန်ကားဝယ်တယ်၊ ဘတ်ငွေဘယ်လောက်ရှိတဲ့ကားတွေဝယ်တဲ့အကြောင်းတွေတော့အမြဲတင်နေတတ်ပါတယ်။ သူဖြစ်ခဲ့တာတွေကိုကိုယ်ချင်းစာပေမယ့်၊ တခြားငှဲ့ညှာရမယ့်မိသားစုတွေရှိတယ်ဆိုတာတော့သိစေချင်ပါတယ်။ သူ့ Post အောက်မှာ သူ့ကောင်မလေး ဘောမဖြစ်တယ်ဆိုတာ ပုံတွေမန့်တော့ comment တွေပိတ်ပစ်တယ်၊ သူ့စော်ပိုင်တဲ့ Singapore’s ice-cream sandwich Page ကိုလဲ ဖျက်လိုက်ပါတယ်။ သူ့စော်အကောင့်လဲ Profile Lock ချပစ်လိုက်ပါတယ်။

ပိုသ်တံခွန်အနေနဲ့ ကိုယ်တိုင် ထောင်အကျခံပြီးတော်လှန်လာပြီးမှ စခဘောမ ကို အခုလိုအကာအကွယ်တွေပေးနေတာမျိုးကို ပြည်သူတွေအနေနဲ့ လက်ခံနိုင်မည်မဟုတ်ပါ။ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်အနေနဲ့ ဓမ္မဘက်ကရပ်တည်ပြီး မှန်ကန်ပြတ်သားလုပ်ရပ်မျိုးလုပ်သင့်ပါတယ်။ ဆက်လက်ပြီးကာကွယ်နေပါက ပိုင်တံခွန်ကိုပါ Boycott လုပ်ရပါမည်ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *