မမွေးခင်ကတည်းက ခင်ပွန်းနဲ့အကျင့်စရိုက်တွေ တစ်ထေရာတည်းတူနေတဲ့ သမီးလေးရဲ့အကြောင်းတွေကို ပြောပြလာတဲ့ ဘေဘီမောင်

ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ဘေဘီမောင်ပဲဖြစ်ပါတယ်။ သူမကတော့ အလုပ်တွေမှာလည်းအောင်မြင်မကြာခင်မှာလည်းပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ သူမဟာ သားဂန်ရဲ့ကိုယ်ဝန်လေးကိုလည်း လွယ်ထားရတာဖြစ်ပါတယ်။

မကြာခင်ရောက်လာတော့မယ့် သမီးလေးအတွက်လည်းနှစ်ယောက်လုံးဟာရင်ခုန်နေကြတာဖြစ်ပါတယ်။ သမီးလေးအတွက်လည်းအခုချိန်ကတည်းက ကြိုတင်ပြင်ဆင်ရင်း ပျော်နေကြတာပါ။ ချစ်ဇနီးလေးကိုလည်း ပျော်ရွှင်အောင်အမြဲဖန်တီးပေးနေသူတစ်​ယောက်ဖြစ်ပါတယ်။

မမဗိုက်ကတော့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်မှာလည်းတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း 4Dရိုက်ရင်းသမီးလေးအကြောင်းကိုခုလိုပြောပြခဲ့တာပါ။ ငါ့သမီးနှယ့်နော် ဖအေတူထင်ပါရဲ့ 4Dရိုက်တာကိုအမေရဲ့အချင်းနားကွယ်ပြီးနေတယ် သူ့မျက်နှာလေးတစ်ခြမ်းလောက်ပဲမြင်ရတယ် ကင်မရာမရိုက်ချင်ဘူးထင်တယ် သူ့အဖေလိုပဲ4Dပုံလေးတွေအိမ်ရောက်ရင်တင်မယ်နော် ခုဆေးခန်းမှာမို့ဆိုပြီးအဖေတူသမီးလေးအကြောင်းကိုပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *