မြန်မာ့ဇာတ်သဘင်လောကမှာအသက်ငယ်ငယ်နဲ့အောင်မြင်မှုတွေရနေတာကတော့ စွမ်းပဲဖြစ်ပါတယ်။ ပရိသတ်တွေချစ်ပြီးအားပေးနေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်ချစ်ရသူလည်းဖြစ်ပါတယ်။
သူဟာပရိသတ်တွေရှေ့ကနေအချိန်တော်ကြာပျောက်သွားခဲ့ပြီးမကြာမီကမှပြန်ပေါ်လာခဲ့တာပါ။ မူးယစ်ဆေးဝါးကိုအလွန်အကျွံသုံးစွဲခဲ့တဲ့သူရဲ့ခံစားချက်တွေနဲ့အတူ ပရိသတ်ရှေ့ပြန်ရောက်လာတာပါ။ ဒါကြောင့်အမှန်ကိုပြင်နိုင်ခဲ့တဲ့သူ့ကိုပရိသတ်တွေကလေးစားပြီးချစ်နေရတာပါ။
နောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုပိုပြီးပရိသတ်တွေအတွက်ကြိုးစားနေတာပါ။ လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေ video လေးတွေကိုအမြဲတင်ပေးရင်းပရိသတ်နဲ့မပြတ်ရှိနေတာပါ။ အခုမှာလည်သူဆော့ထားတဲ့Tiktokလေးကိုတင်ပေးထားပါ။ ဘယ်လိုတောင်အိုက်တင်အပြည့်နဲ့ဆော့ကစားနေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။