နှိုင်းရှင်မြင့်မိုရ်ဆိုတာနဲ့ အခု Live Sale လောကမှာအောင်မြင်မှုတွေများစွာရရှိထားသူတစ်ယောက်ပါ။ သူမရဲ့ Live saleလေးတိုင်းဟာခဏအတွင်းမှာ သိန်းပေါင်းသောင်းချီရောင်းရတဲ့အထိအောင်မြင်မှုတွေကိုသိမ်းပိုက်ထားနိုင်သူပါ။ ဒါကြောင့်လည်းတဖြည်းဖြည်းနဲ့သူမရဲ့ Live လေးတွေသာပိုအောင်မြင်လာတာပါ။
သူမကို Live လွှင့်ပေးဖို့ကမ်းလှမ်းခံရတဲ့အလုပ်တွေကလည်းခုချိန်ဆိုများစွာရှိနေတာပါ။ ဒါပေမယ့်လည်းသူမရဲ့လက်ခံထားတဲ့အလုပ်တွေနဲ့တင်အချိန်ပြည့်နေတာပါ။ ခုလိုအောင်မြင်မှုတွေရရှိတာကြောင့်လည်း မကြာခဏဆိုသလိုဝေဖန်တိုက်ခိုက်မှုတွေကြူံနေရတာပါ။
ဒါပေမယ့်လည်းသူမဟာပညာသားပါပါပဲဖြေရှင်းလေ့ရှိတာပါ။ အခုမှာလည်း သူမကိုဖုန်းဆက်ပြီးတောင်တိုက်ခိုက်တဲ့သူတစ်ယောက်ကို အခုလိုပဲပညာသားပါပါဖြေရှင်းခဲ့တာပါ။ ခုပဲဈေးရောင်းပြီး ပြန်သွားတယ်တစ်ညတောင်မစောင့်နိုင်ပဲ ဖုန်းဆက်မေးတယ်…တကယ်ရောင်းရတာလားတဲ့ဝယ်သူတွေ မလာဘူးမလားတဲ့အယ်မ အရမ်းအားနေရင် Live မဖျက်ထားဘူးးဝင်ကြည့်လို့ရတယ်နော်မကြည့်မှာစိုးလို့ဒီ့ထက် ပို စပ်စုချင်ရင် ဝယ်သူတွေကဘယ်သူတွေလည်းဆိုတာပါဝင်ကြည့်profile တွေကိုဒီ့ထက်အားနေရင် ဘေးမှာ ဂဏန်းပေါင်းစက်တစ်လုံးပါချပီး အဲ့နေ့က ရောင်းရတာတွေ လိုက်ပေါင်းနေအယ်မက အားမှာပါ ကျွန်မကတော့ ခလေးတဖက်နဲ့ မအားဘူးသဘောပေါက်ဆိုပြီးပညာသားပါပါပြောလိုက်တာဖြစ်ပါတယ်။