ဘုရားရှိခိုးတိုင်း မြန်မာပြည် ကြီး ငြိမ်းချမ်းဖို့ အမြဲဆုတောင်းပေးနေတဲ့ ပိုင်တံခွန်

နေမကောင်းတာ ရက်အတော်ကြာပြီ ဖြစ်သော် လည်း ဘုရားရှိခိုးတိုင်း မြန်မာပြည် ကြီး ငြိမ်းချမ်းဖို့ အမြဲဆုတောင်းပေးနေတဲ့ ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်ကတော့ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာလည်း နေ့စဉ်ရက်ဆက် မမောနိုင်မပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော် နေရုံတင်မကဘဲ Defense Team က လူငယ်များနဲ့ပါ ပူးပေါင်းပြီး ပြည်သူတွေကို ကာကွယ်ပေးနေ တာကြောင့် ပရိသတ်တွေက ချီးကျူးနေကြတာပါ။

လတ်တလောမှာတော့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မကြာခဏ ကျန်းမာရေးချူချာတတ်တဲ့ ပိုင်တံခွန်အတွက် စိတ်ပူပေးနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက် ကလည်း ပိုင်တံခွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လတ်တလောမှာကျန်းမာရေးချူချာနေတာကြောင့် နေအမြန်ပြန်ကောင်းစေ ဖို့ ဆုတောင်းပေးရန် ပရိသတ်တွေကို အားနာစွာဖြင့်တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

” ကျွန်တော် ကျန်းမာရေး မကောင်းဖြစ်နေတာ ရက်တော်တော်ကြာပါပြီမြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှုတွေရပြီး ကျန်းမာပါစေလို့ ကျွန်တော် ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေပါတယ်ခင်ဗျာ အားနာစွာနဲ့ပဲ ကျနော့်ကိုလည်း ကျန်းမာရေး အမြန်ဆုံး ကောင်းအောင် ဆုတောင်းပေးပါခင်ဗျာ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် အမြန်ဆုံး ကျန်းမာပြီး ပြည်သူတွေ နဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပြန်လည်ပူးပေါင်းနိုင်ပါစေလို့ မိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Zawgyi

ေနမေကာင္းတာ ရက္အေတာ္ၾကာၿပီ ျဖစ္ေသာ္ လည္း ဘုရားရွိခိုးတိုင္း ျမန္မာျပည္ ႀကီး ၿငိမ္းခ်မ္းဖို႔ အျမဲဆုေတာင္းေပးေနတဲ့ ပိုင္တံခြန္

သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ အေရးၾကဳံတဲ့ အခါတိုင္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ ရပ္တည္ေပးေနတဲ့ အႏုပညာရွင္ တစ္ဦးပဲ ျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈေတြမွာလည္း ေန႔စဥ္ရက္ဆက္ မေမာနိုင္မပန္းနိုင္ေအာင္ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ ေန႐ုံတင္မကဘဲ Defense Team က လူငယ္မ်ားနဲ႔ပါ ပူးေပါင္းၿပီး ျပည္သူေတြကို ကာကြယ္ေပးေန တာေၾကာင့္ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကတာပါ။

လတ္တေလာမွာေတာ့ အေျခအေနအရပ္ရပ္ေၾကာင့္ ေခတၱခဏ တိမ္းေရွာင္ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း မၾကာခဏ က်န္းမာေရးခ်ဴခ်ာတတ္တဲ့ ပိုင္တံခြန္အတြက္ စိတ္ပူေပးေနၾကတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ ကလည္း ပိုင္တံခြန္ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ လတ္တေလာမွာက်န္းမာေရးခ်ဴခ်ာေနတာေၾကာင့္ ေနအျမန္ျပန္ေကာင္းေစ ဖို႔ ဆုေတာင္းေပးရန္ ပရိသတ္ေတြကို အားနာစြာျဖင့္ေတာင္းဆိုလိုက္တာပဲ ျဖစ္ပါတယ္။

” ကၽြန္ေတာ္ က်န္းမာေရး မေကာင္းျဖစ္ေနတာ ရက္ေတာ္ေတာ္ၾကာပါၿပီျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းမႈေတြရၿပီး က်န္းမာပါေစလို႔ ကၽြန္ေတာ္ ဘုရားရွိခိုးတိုင္းဆုေတာင္းေပးေနပါတယ္ခင္ဗ်ာ အားနာစြာနဲ႔ပဲ က်ေနာ့္ကိုလည္း က်န္းမာေရး အျမန္ဆုံး ေကာင္းေအာင္ ဆုေတာင္းေပးပါခင္ဗ်ာ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္တစ္ေယာက္ အျမန္ဆုံး က်န္းမာၿပီး ျပည္သူေတြ နဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ ျပန္လည္ပူးေပါင္းနိုင္ပါေစလို႔ မိသားစုမွ ဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *