သမီးလေးမမွေးခင် လပိုင်းအလိုတွင် ရိုက်ကူးထားသော ဗီဒီယိုဖိုင်လေးအား ပရိသတ်တွေကြည့်ရှုနိုင်အောင် ချပြလိုက်တဲ့ ဘေဘီမောင်

ဘေဘီမောင်ကတော့ခုချိန်မှာသားဂန်းရဲ့ကိုယ်ဝန်လေးကိုဝယ်ထားရင်းပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာပါ။ ချစ်သူဘဝကတည်းကနေပရိသတ်တွေအားကျနေခဲ့ရတာဖြစ်ပြီး ခုမှာလည်းပိုပြီးချစ်နေရတာပါ။ သူတို့နှစ်ယောက်ဟာမကြာခင်မွေးဖွားလာတော့မယ့်သမီးလေးအတွက်ကြိုရင်ခုန်နေကြတာပါ။

ချစ်ဇနီးလေးကိုစိတ်ချမ်းသာအောင်အမြဲဖန်တီးပေးနေတာပါ။ ဒါကြောင့်လည်း အားကိုးပြီးအမြဲပျော်ရွှင်အောင်ထားတဲ့ သားဂန်းကြောင့်အမြဲအားကျနေရတာပါ။ ကိုယ်ဝန်ဆောင်ပုံရိပ်လေးတွေ ချစ်ခင်ပွန်းရဲ့ဂရုစိုက်မှုလေးတွေကိုလည်းလူမှုကွန်ရက်လေးတွေကနေတင်ပေးနေတာပါ။

ပရိသတ်တွေကလည်းသူတို့ပုံရိပ်လေးတွေကြည့်ပြီးချစ်မဝဖြစ်နေကြတာပါ။ အခုမှာလည်းကိုယ်ဝန်ဆောင်ချိန်အမှတ်တရပုံရိပ်လေးတွေရိုက်ကူးနေတဲ့ video လေးကိုတင်ထားတာပါ။ မကြာခင်မှာဘယ်လိုချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေမြင်ရမလဲဆိုတာစောင့်ရင်း ရိုက်ကွင်းပေါ်က videoလေးကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.