ဂျက်ဂျက်တို့ သားအဖနှစ်ယောက် ရိုက်ထားသော အမှတ်တရများစွာရှိတဲ့ ဗီဒီယိုဖိုင်လေးအား ဝမ်းနည်းစွာဖြင့် ထုတ်ပြလာတဲ့ နန်းမြတ်ဖြိုးသင်း

ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာကတော့ နန်းမြတ်ဖြိုးသင်းပဲဖြစ်ပါတယ်။ ပရိသတ်တွေချစ်ရတဲ့သူတစ်ယောက်ဖြစ်ပြီးလူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ ကလေးတွေရဲ့ပုံရိပ်လေးတွေ video လေးတွေတင်ပေးလေ့ရှိပြီးပရိသတ်တွေကလည်းချစ်နေရတာပါ။

တစ်ချိန်ကသူတို့မိသားစုလေးကိုပရိသတ်တွေကကြည့်ပြီးအားကျချစ်ခင်ရတာပါ။ ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက်ပိုင်းမှာလည်း ကလေးတွေအတွက် နန်းမြတ်ဖြိုးသင်းတစ်ယောက်အားတင်းရင်းရှေ့ဆက်နေတာပါ။ ပရိသတ်တွေကလည်းသူမကိုချစ်နေရရင်းအားအင်တွေပေးနေတာပါ။

အခုမှာလည်းအရင်က အဖေများနေ့video လေးကိုပြန်တင်ထားရင်းခံစားချက်လေးတွေကိုထုတ်ပြထားတာပါ။ အဖေများနေ့အတွက်အမှတ်တရ ဂျက်လေးကတော့ကောင်းကောင်းသိလိုက်ပေမယ် ဂျူးလေးကတော့အဖေကိုဘာမှကိုမသိလိုက်တာ(ဗီဒီယိုလေးတောင်တခုပဲရှိတယ်)ရှိနေတုန်းအချိန်မှာ အဖေ၊အမေ၊သား၊သမီး၊မောင်နှမ အားလုံးနွေးထွေးချစ်ခင်ပေးကြပါ ဆိုပြီးvideo လေးကိုကြည့်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.