တော်လှန်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတစ်ချို့အား ဝယ်ယူဖို့ပေးထားတဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်ပစ်လိုက်တဲ့ မြနှင်းရည်လွင်ရဲ့ခင်ပွန်းဟောင်း

မြနှင်းရည်လွင်ဆိုတာနဲ့ ပရိသတ်တွေချစ်နေရတဲ့သူတစ်ယောက်ပါ။ အနုပညာလောကမှာလည်းပရိသတ်အားပေးမှုတွေနဲ့အောင်မြင်မှုတွေရရှိခဲ့သူပါ။ မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် ပြတ်သားပြီးရဲရင့်တဲ့စိတ်ဓာတ်တွေကြောင့်လေးစားအားကျနေရတာပါ။

သူမကအခုမှာတော့ လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတာပါ။ မတရားအာဏာသိမ်းတာကိုဆန့်ကျင်ရင်းနဲ့ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်နေတာပါ။ အခက်ခဲတွေများစွာရှိပေမယ့် တော်လှန်ရေးအတွက်ရင်ဆိုင်တိုက်ပွဲဝင်နေတာပါ။

အခုမှာတော့လူမှုကွန်ရက်မှာ သူမရဲ့ခင်ပွန်းဟောင်းနဲ့ပတ်သက်ပြီးသတင်းတွေထွက်ပေါ်လာခဲ့တာပါ။ သူမရဲ့ခင်ပွန်းဟောင်းဟာ တော်လှန်ရေးရဲဘော်တွေအတွက်အလှုငွေတွေကိုကြားကနေမပေးပဲနေနေတာပါ။ ဒါကြောင့်ရဲဘော်တွေဘက်ကနေပြီးတော့ကိုတွီဂီ(ခ)ကိုမျိုးသွင်(ခ)ကိုcronus သရုပ်ဆောင်မြနှင်းရည်လွင်၏ခင်ပွန်း)သည်M7 { P.D.A}နှင့် အဖွဲ့များစွာမှ လက်နက်ဝယ်ရန်ငွေကြေးများအား ၂လကြာသည်အထိ အလွဲသုံးစားပြုလုပ်ခဲ့ပါသည်။ပစ္စည်းများမရ၍ ပြန်လည်တောင်းခံရာတွင်653သိန်း ၄သောင်းကျပ်မှ 294သိန်း ၃သောင်းကျပ်သာပြန်လည်ရရှိခဲ့ပါသည်။ကျန်ငွေများအား ချိန်းဆိုသောရက်တွင် ပြန်လည်ပေးအပ်ခြင်းမရှိပါကြောင်း မိဘပြည်သူများ နှင့် ကျန်ညီနောင်မဟာမိတ်များသိရှိစေရန် တင်ပြအပ်ပါသည်ဆိုပြီးရှင်းလင်းခဲ့တာပါ။

Leave a Reply

Your email address will not be published.