ဝမ်းရေးအခက်အခဲဖြစ်နေတဲ့မိသားစုတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

ဝမ်းရေးအခက်အခဲဖြစ်နေတဲ့ တောင်ဒဂုံက မိသားစုတွေအတွက် စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းကာ ဖေးမကူညီပေးခဲ့တဲ့ ဝေဠုကျော်

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသားကြီး ဝေဠုကျော်ကတော့ အနုပညာလောကမှာ အခိုင်အမာ အောင်မြင်မှုတွေရရှိထားသလို ပရဟိတ အလုပ်တွေလုပ်နေတဲ့အပြင် လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ရပ်တည်နေတာ ဖြစ်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုတွေနဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေအဆက်မပြတ်လုပ်ဆောင်နေတာကိုလည်း မကြာခဏဆိုသလို တွေ့ရပါတယ်။ အလှူအတန်းတွေ

ဆက်တိုက်လုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ တောင်ဒဂုံကပြည်သူတွေအတွက်လည်း စားသောက်ကုန်တွေ ကိုယ်တိုင်ပေးဝေလှူဒါန်းခဲ့ပြန်ပါတယ်။ စားဝတ်နေရေးအခက်အခဲတွေ နဲ့ကြုံတွေ့နေကြရတဲ့

တောင်ဒဂုံမြို့နယ်က အိမ်ထောင်စု ၁၀၀ကျော်အတွက် ဆန်နဲ့ အခြားစားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့တာဖြစ်ပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကိုလည်း မျှဝေထားပါသေးတယ်။ “4-4-2021 ယနေ့ တောင်ဒဂုံ အိမ်ထောင်စု ၁၁၆စုသို့ အလှူ။

ဝေဠုကျော်ဖောင်ဒေးရှင်းမှ စားသောက်ရေး ခက်ခဲကြ.ပ်တ.ည်းနေကြသော တောင်ဒဂုံမြို့နယ် ၅၆ရပ်ကွက် (ဝါးတောကျူး) ၁၁၆ အိမ်ထောင်စုသို့ တစ်အိမ်ထောင်လျှင် ဆန် ၃ပြည်၊ ကြက်သွန်နီ ၅၀သား၊ လက်ဘက်နှပ်ဆီစိမ် ဗူးကြီး ၁ဗူး၊ မျှင်ငါးပိ

၂၀သားတို့ကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။ ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010, 09455500014, 09776089484”ဆိုပြီး အလှူအကြောင်းကိုပြောပြရင်း ဖောင်ဒေးရှင်းကို ဆက်သွယ်လှူဒါန်းနိုင်မယ့်ဖုန်းနံပါတ်တွေကိုလည်း

အသိပေးပြောပြထားတာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် လိုအပ်တာတွေကို ပြန်လည်လှူဒါန်းနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ဝမ္းေရးအခက္အခဲျဖစ္ေနတဲ့ ေတာင္ဒဂုံက မိသားစုေတြအတြက္ စားနပ္ရိကၡာေတြ သြားေရာက္လႉဒါန္းကာ ေဖးမကူညီေပးခဲ့တဲ့ ေဝဠဳေက်ာ္

ပရိသတ္ႀကီးေရ အကယ္ဒမီမင္းသားႀကီး ေဝဠဳေက်ာ္ကေတာ့ အႏုပညာေလာကမွာ အခိုင္အမာ ေအာင္ျမင္မႈေတြရရွိထားသလို ပရဟိတ အလုပ္ေတြလုပ္ေနတဲ့အျပင္ လက္ရွိအေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔ရပ္တည္ေနတာ ျဖစ္ပါတယ္။

ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကေတာ့ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကတည္းက တတ္ႏိုင္တဲ့ဘက္ကေန လူထုလႈပ္ရွားမႈေတြနဲ႔ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြအဆက္မျပတ္လုပ္ေဆာင္ေနတာကိုလည္း မၾကာခဏဆိုသလို ေတြ႕ရပါတယ္။ အလႉအတန္းေတြ

ဆက္တိုက္လုပ္ေဆာင္ေနတဲ့ ေဝဠဳေက်ာ္ကေတာ့ ဒီကေန႔မွာလည္း စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ေတာင္ဒဂုံကျပည္သူေတြအတြက္လည္း စားေသာက္ကုန္ေတြ ကိုယ္တိုင္ေပးေဝလႉဒါန္းခဲ့ျပန္ပါတယ္။ စားဝတ္ေနေရးအခက္အခဲေတြ နဲ႔ႀကဳံေတြ႕ေနၾကရတဲ့

ေတာင္ဒဂုံၿမိဳ႕နယ္က အိမ္ေထာင္စု ၁၀၀ေက်ာ္အတြက္ ဆန္နဲ႔ အျခားစားေသာက္ကုန္ေတြကို ေပးေဝလႉဒါန္းခဲ့တာျဖစ္ၿပီး ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့တဲ့ပုံရိပ္ေတြကိုလည္း မွ်ေဝထားပါေသးတယ္။ “4-4-2021 ယေန႔ ေတာင္ဒဂုံ အိမ္ေထာင္စု ၁၁၆စုသို႔ အလႉ။

ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ စားေသာက္ေရး ခက္ခဲၾက.ပ္တ.ည္းေနၾကေသာ ေတာင္ဒဂုံၿမိဳ႕နယ္ ၅၆ရပ္ကြက္ (ဝါးေတာက်ဴး) ၁၁၆ အိမ္ေထာင္စုသို႔ တစ္အိမ္ေထာင္လွ်င္ ဆန္ ၃ျပည္၊ ၾကက္သြန္နီ ၅၀သား၊ လက္ဘက္ႏွပ္ဆီစိမ္ ဗူးႀကီး ၁ဗူး၊ မွ်င္ငါးပိ

၂၀သားတို႔ကို သြားေရာက္ ေထာက္ပံ့လႉဒါန္းေပးခဲ့ပါသည္။ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း 09455500010, 09455500014, 09776089484”ဆိုၿပီး အလႉအေၾကာင္းကိုေျပာျပရင္း ေဖာင္ေဒးရွင္းကို ဆက္သြယ္လႉဒါန္းႏိုင္မယ့္ဖုန္းနံပါတ္ေတြကိုလည္း

အသိေပးေျပာျပထားတာ ျဖစ္ပါတယ္။ ျပည္သူေတြအတြက္ လိုအပ္တာေတြကို ျပန္လည္လႉဒါန္းေနတဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းရဲ႕ အလႉပုံရိပ္ေတြကိုလည္း ပရိသတ္ေတြအားလုံးအတြက္ တင္ဆက္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *