အမေစုရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်နေကြတဲ့ ဖေဖေနဲ့မေမေ့ကို မျက်တောင်မခတ်ဘဲ ထိုင်ကြည့်နေကြတဲ့ ခေတ်နဲ့သစ်

နွေဦးတော်လှန်ရေးမှာ မိသားစုလိုက်ပါဝင်တော်လှန်နေတာကတော့ ချစ်သုဝေတို့မိသားစုလေးဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာ အခုချိန်မှာ လွတ်မြောက်နယ်မြေလေးမှာမိသားစုလိုက်ပုန်းရှောင်နေရတာပါ။ အခက်ခဲတွေရှိပေမယ့်လည်းဒီတော်လှန်ရေးမှာတက်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်နေတာဖြစ်ပါတယ်။

ပရိသတ်တွေကလည်းသူတို့မိသားစုလေးကို အမြဲစိတ်ပူပြီးလွမ်းနေရတာပါ။ တစ်ခါတစ်ရံတော့လူမှုကွန်ရက်ကနေပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့လေးမှာဆုတောင်းစကားလေးနဲ့ကြုံတွေရတာလေးကိုပြောပြခဲ့တာပါ။

Audrey Hepburn က ​ပြောဖူးတယ်တဲ့..”To plant a garden is to believe in tomorrow” ဟုတ်တယ်မနက်ဖြန်​တွေကိုယုံကြည်ထားတယ်..သမီးတို့မျိုးဆက်မှာ အာဏာရှင်စနစ်ဆိုး အဆုံးသတ်ရဖို့နောက်မျိုးဆက်​တွေရဲ့ မနက်ဖြန်​တွေ လှပဖို့စ​တေးထားရတဲ့အသက်​တွေဘဝ​တွေ အဓိပ္ပါယ်မဲ့မဖြစ်ဖို့မတရားဖမ်းဆီးအကျဉ်းချခံရတဲ့တစ်​ယောက်စီတိုင်း လွတ်​မြောက်ဖို့လူတိုင်းကိုယ့်ဘဝကိုယ်ပြန်ရရှိကြဖို့သမီးတို့ပြည်သူ​တွေ ရင်ဘတ်ချင်းကပ်လျက် ခံနိုင်ရည်တဆုံးတင်လို့ ​ရှေ့ဆက်​နေကြတယ်.အ​မေ ​ဒေါ်​အောင်ဆန်းစုကြည် နေ​ကောင်းကျန်းမာပါ​စေ..ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.