သားလေးကို ချီပြီး တီတီတာတာလေးချော့မြူနေတဲ့ ချစ်ခင်ပွန်းကို ဗီဒီယိုလေးခိုးရိုက်ပြီး သည်းသည်းလှုပ်ချစ်နေတဲ့ အော်န်ဆိုင်း

အောန်ဆိုင်းဆိုတာနဲ့မိန်းကလေးတိုင်းအားကျရတဲ့သူတစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့သားလေးနဲ့အတူအခုမှာလည်းပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာတာပါ။ သူမကတော့နိုင်ငံခြားမှာမိသားစုလိုက်နေထိုင်ရင်းဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပါ။

သားလေးရဲ့ပုံရိပ်လေးတွေ သူတို့မိသားစုပုံရိပ်လေးတွေကိုလည်း instagram ကနေတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသားလေးရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ သားဦးလေးဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ ယောက္ခထီးဖြစ်သူတို့ကလည်းချစ်မဝဖြစ်နေရတာပါ။

ဒီနေ့ကတော့နိုင်ငံတစ်ကာ အဖေများနေ့ဖြစ်ပါတယ်။ အဖေများနေ့လေးမှာလည်း သားလေးနဲ့ဖခင်ဖြစ်သူတို့ကြည်နူးပျော်ရွှင်နေတဲ့video လေးကိုတင်ထားတာပါ။ သားဖနှစ်ယောက်ဘယ်လိုကြည်နူးဖို့ကောင်းနေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.