အောင်သူဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့နိုင်ငံကျော်ဘောလုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့လက်ရှိထိုင်းပရီးမီးယားလိဒ်ထိပ်သီးအသင်းမှာကစားနေတာဖြစ်ပါတယ်။ ခြေစွမ်းတွေကြောင့်လည်းထိုင်းပရိသတ်တွေချစ်ရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
အောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်အဖြစ်ရပ်တည်နိုင်တဲ့အပြင် ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ ချစ်စရာကောင်းတဲ့သားလေးရဲ့ပုံရိပ်လေးတွေကိုလည်း မေမေပိုးအိအိခန့်ကလူမှုကွန်ရက်ပေါ်မှာတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသူတို့မိသားစုလေးကိုကြည့်ပြီးချစ်နေရတာပါ။
အခုမှာလည်း ပိုးအိအိခန့်က သားဖနှစ်ယောက်ရဲ့ video လေးကိုတင်ထားတာပါ။ မကြာခင်က ကျရောက်ခဲ့တဲ့ အဖေများနေ့ထက်တစ်ရက်နေကျခဲ့တယ်ဆိုပြီး သားဖနှစ်ယောက်ရေချိုးရင်ပျော်ရွှင်နေတာပါ။ ပရိသတ်တွေလည်းသူတို့သားဖနှစ်ယောက်ရဲ့video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။