ပြန်မြင်ရဖို့အခွင့်အရေးနည်းတဲ့ ကျန်မျက်လုံးတစ်ဖက် ကို အမေ့အတွက် အမြန်ဆုံးပြန်မြင်ချင်တယ်လို့ ရင်ဖွင့် လာတဲ့ ကိုမင်းသူရ

ပြန်မြင်ရဖို့အခွင့်အရေးနည်းတဲ့ ကျန်မျက်လုံးတစ်ဖက် ကို အမေ့အတွက် အမြန်ဆုံးပြန်မြင်ချင်တယ်လို့ ရင်ဖွင့် လာတဲ့ ကိုမင်းသူရ

လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရင်း အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်းအများအပြားရှိသလို ကိုယ်၊ လက် အင်္ဂါချို့ယွင်းသွားတဲ့သူတွေလည်းရှိပါတယ်။မတ်လ(၃)ရက်နေ့ကဆိုရင်လည်းသူရဲ ကောင်း ကိုမင်းသူရက သူငယ်ချင်း တွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ဘယ်ဘက်မျက်လုံးတစ်ဖက်ကိုကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

ကိုမင်းသူရက အသက်(၂၃)နှစ်အရွယ် ရှိ ပြီး ဖခင်နဲ့နှလုံးရောဂါသည်မိခင်ကြီးကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပါတယ်။ကိုမင်းသူရက သူငယ်ချင်းကိုဖိုးချစ်ကျည်ထိသွားလို့ ပြေးတက်သွားတဲ့အချိန်မှာမျက်လုံးတစ်ဖက်ကျည်ထိသွားခဲ့ပြီးသူငယ်ချင်းနောက်တစ် ယောက် နဲ့အတူ နောက်ကိုပြန်လှည့်ပြေးခဲ့တာဖြစ်ပါတယ်။

သူငယ်ချင်းဇွဲထက်စိုးကလည်း ထပ်မံကျည်ထိသွားခဲ့တာကြောင့် ကိုမင်းသူရက တော့ ဘာမှမမြင်ရလို့ သူငယ်ချင်းကို ပြန်လှည့်မဆွဲနိုင်ခဲ့ဘဲအဲ့ဒီနေ့မှာတင် သူငယ်ချင်းနှစ်ယောက်လုံးကို ဆုံးရှုံး ခဲ့ရတာဖြစ်ပါတယ်။ ကျည် ထိမှန်သွားတဲ့ ကိုမင်းသူရရဲ့ဘယ်ဘက်မျက်လုံးက ကျွတ်ထွက်သွားခဲ့ပြီး ကျန်ညာဘက်မျက်လုံးကိုလည်း လက်ရှိမှာဆေးကုသမှုခံ ယူနေရ တာ ဖြစ်ပါတယ်။

ကိုမင်းသူရက”ကျွန်တော့် ကျန်မျက်လုံးတစ်ဖက် အများကြီး မမြင်ရရင် နေပါစေ။ ဘယ်သူ၊ ဘယ်ဝါ သဲသဲကွဲကွဲလေးလောက်ပဲ ပြန်မြင် ရ ရင် ကျေနပ် ပါတယ်။ ကျွန်တော် အမေ့အတွက် အမြန်ဆုံး ပြန်မြင် နေချင်ပြီ”ဆိုပြီး ရင်ဖွင့် တယ်လို့ သိရပါတယ်။လတ်တ လော မှာဆိုရင် တော့ စေတနာရှင်ပြည်သူတချို့ကလည်း ကိုမင်းသူရရဲ့မျက်လုံးကုသဖို့အတွက် အလှူငွေတွေကို ပေးအပ်လှူဒါန်းနေကြတာ ပဲဖြစ်ပါတယ်။

ကိုမင်းသူရတို့မိသားစုဆီ ကိုယ်တိုင်သွားလှူချင်တယ်ဆိုရင်တော့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊၄၈ ရပ်ကွက် ရှင်တစ်ရာ လမ်းတွင် နေထိုင် တာဖြစ်လို့ တစ်နိုင်တစ်ပိုင်လေး သွားရောက်လှူဒါန်းလို့ရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ျပန္ျမင္ရဖို႔အခြင့္အေရးနည္းတဲ့ က်န္မ်က္လုံးတစ္ဖက္ ကို အေမ့အတြက္ အျမန္ဆုံးျပန္ျမင္ခ်င္တယ္လို႔ ရင္ဖြင့္ လာတဲ့ ကိုမင္းသူရ

လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြပါဝင္ေဆာင္႐ြက္ရင္း အသက္ေပးသြားရတဲ့သူရဲေကာင္းေတြလည္းအမ်ားအျပားရွိသလို ကိုယ္၊ လက္ အဂၤါခ်ိဳ႕ယြင္းသြားတဲ့သူေတြလည္းရွိပါတယ္။မတ္လ(၃)ရက္ေန႔ကဆိုရင္လည္းသူရဲ ေကာင္း ကိုမင္းသူရက သူငယ္ခ်င္း ေတြနဲ႔အတူ လူထုလႈပ္ရွားမႈမွာ ပါဝင္ရင္း ဘယ္ဘက္မ်က္လုံးတစ္ဖက္ကိုက်ည္ထိမွန္သြားခဲ့တာျဖစ္ပါတယ္။

ကိုမင္းသူရက အသက္(၂၃)ႏွစ္အ႐ြယ္ ရွိ ၿပီး ဖခင္နဲ႔ႏွလုံးေရာဂါသည္မိခင္ႀကီးကို လုပ္ေကြၽးျပဳစုေနတဲ့ သားလိမၼာတစ္ေယာက္ျဖစ္ပါတယ္။ကိုမင္းသူရက သူငယ္ခ်င္းကိုဖိုးခ်စ္က်ည္ထိသြားလို႔ ေျပးတက္သြားတဲ့အခ်ိန္မွာမ်က္လုံးတစ္ဖက္က်ည္ထိသြားခဲ့ၿပီးသူငယ္ခ်င္းေနာက္တစ္ ေယာက္ နဲ႔အတူ ေနာက္ကိုျပန္လွည့္ေျပးခဲ့တာျဖစ္ပါတယ္။

သူငယ္ခ်င္းဇြဲထက္စိုးကလည္း ထပ္မံက်ည္ထိသြားခဲ့တာေၾကာင့္ ကိုမင္းသူရက ေတာ့ ဘာမွမျမင္ရလို႔ သူငယ္ခ်င္းကို ျပန္လွည့္မဆြဲႏိုင္ခဲ့ဘဲအဲ့ဒီေန႔မွာတင္ သူငယ္ခ်င္းႏွစ္ေယာက္လုံးကို ဆုံးရႈံး ခဲ့ရတာျဖစ္ပါတယ္။ က်ည္ ထိမွန္သြားတဲ့ ကိုမင္းသူရရဲ႕ဘယ္ဘက္မ်က္လုံးက ကြၽတ္ထြက္သြားခဲ့ၿပီး က်န္ညာဘက္မ်က္လုံးကိုလည္း လက္ရွိမွာေဆးကုသမႈခံ ယူေနရ တာ ျဖစ္ပါတယ္။

ကိုမင္းသူရက”ကြၽန္ေတာ့္ က်န္မ်က္လုံးတစ္ဖက္ အမ်ားႀကီး မျမင္ရရင္ ေနပါေစ။ ဘယ္သူ၊ ဘယ္ဝါ သဲသဲကြဲကြဲေလးေလာက္ပဲ ျပန္ျမင္ ရ ရင္ ေက်နပ္ ပါတယ္။ ကြၽန္ေတာ္ အေမ့အတြက္ အျမန္ဆုံး ျပန္ျမင္ ေနခ်င္ၿပီ”ဆိုၿပီး ရင္ဖြင့္ တယ္လို႔ သိရပါတယ္။လတ္တ ေလာ မွာဆိုရင္ ေတာ့ ေစတနာရွင္ျပည္သူတခ်ိဳ႕ကလည္း ကိုမင္းသူရရဲ႕မ်က္လုံးကုသဖို႔အတြက္ အလႉေငြေတြကို ေပးအပ္လႉဒါန္းေနၾကတာ ပဲျဖစ္ပါတယ္။

ကိုမင္းသူရတို႔မိသားစုဆီ ကိုယ္တိုင္သြားလႉခ်င္တယ္ဆိုရင္ေတာ့ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊၄၈ ရပ္ကြက္ ရွင္တစ္ရာ လမ္းတြင္ ေနထိုင္ တာျဖစ္လို႔ တစ္ႏိုင္တစ္ပိုင္ေလး သြားေရာက္လႉဒါန္းလို႔ရေၾကာင္းကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *