သူမကို surprise လုပ်ပြီးလက်ထပ်ခွင့်တောင်းလိုက်တဲ့ ချစ်သူလေးကို ရိုမက်တစ်ဆန်ဆန်အဖြေပြန်ပေးခဲ့တဲ့ နန်းသူဇာရဲ့ဗီဒီယိုဖိုင်

ကျော်ထွဋ်ဆွေနဲ့နန်းသူဇာတို့ကတော့ပရိသတ်တွေမသိသူမရှိတဲ့အောင်မြင်သူတွေဖြစ်ပါတယ်။ သူတို့ဟာအောင်မြင်ကျော်ကြားတဲ့လူငယ်အဆိုတော်တွေလည်းဖြစ်ပါတယ်။ ပရိသတ်အားပေးမှုတွေလည်းအခိုင်အမာရရှိထားတာပါ။

လူမှုကွန်ရက်မှာလည်းသူတို့အတွဲလေးဟာ ပရိသတ်တွေအားကျရတဲ့အတွဲ​လေးဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာ ချစ်သူသက်တမ်းကိုပိုင်ဆိုင်ထားကြတာပါ။ တစ်ချိန်က သူတို့ရဲ့သီချင်းတွေနဲ့ပရိသတ်တွေကြားတစ်ရှိန်ထိုးအောင်မြင်ခဲ့တာပါ။

အခုမှာတော့သူတို့အတွဲလေးဟာ ပရိသတ်တွေကိုအားကျအောင်လုပ်လိုက်ပါပြီ။ ကျော်ထွဋ်ဆွေတစ်ယောက်နန်းသူဇာကိုလက်ထပ်ခွင့်တောင်းလိုက်တာဖြစ်ပါတယ်။ နန်းသူဇာကလည်းလက်ခံခဲ့ပြီးဘယ်လောက်တောင်ကြည်နူးပျော်ရွှင်စရာကောင်းလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.