ရိုးရိုးမွေးမယ့် မိခင်လောင်းများအတွက် ကြုံတွေ့ခံစားရမယ့် အခြေအနေတစ်ချို့ကို ရင်ဖွင့်ရေးသားလာတဲ့ ဘေဘီမောင်

ပရိသတ်အချစ်တော်ဘေဘီမောင်ကတော့အခုမှာသမီးလေးရဲ့ကိုယ်ဝန်လေးကိုလွယ်ထားရတာပါ။ သမီးဦးလေးဖြစ်တာကြောင့်လည်း သူတို့လင်မယားနှစ်ယောက်လုံးဟာရင်ခုန်စိတ်လှုပ်ရှားနေတာပါ။ သားဂန်းတစ်ယောက်လည်းဇနီးဖြစ်သူစိတ်ချမ်းသာအောင်အမြဲဖန်တီးပေးနေတာကြောင့်လည်းအားကျနေရတာပါ။

ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တာလေးတွေကိုလည်းဘေဘီမောင်ကလူမှုကွန်ရက်ကနေပြောပြပေးလေ့ရှိတာပါ။ အခုမှာလည်းကိုယ်ဝန်ဆောင်တွေသိထားသင့်တာတွေကိုပြောပြခဲ့တာပါ။ရိုးရိုးမွေးမဲ့ မေမေတို့ရဲ့ အမေးများဆုံး မေးခွန်းများ၁။ မိန်းမကိုယ်ချဲ့တာနာလား

မနာပါဘူးနော် ကိုယ်ဝန်ဆောင်မွေးခါနီးရင် မိန်းမကိုယ်က နာတာတွေ မေမေတိုင်း ကြုံရပါတယ် တကယ်မွေးတဲ့အချိန်ကျရင်လည်း မိန်းမကိုယ်က ကျင်ထုံနေတာနဲ့ ချဲ့လိုက်တာ သိနေရပေမဲ့ လုံးဝမနာပါဘူး။၂ ။ ပြန်ချုပ်ရင်ရော အစိမ်းချုပ်တာလားနာလားပြန်ချုပ်ရင်လည်း ထုံဆေးနဲ့ချုပ်ပေးတာပါ ထုံဆေးကလည်း ဆေးထိုးအပ်နဲ့ထိုးရတာ မဟုတ်ပါဘူးနော် ထုံဆေးအရည်ကိုသုံးတာပါ ထုံဆေးအရည်လောင်းလိုက် ချုပ်လိုက်လုပ်တာမို့ လုံးဝ မနာပါဘူး။

၃ ။ ဗိုက်နာရင် ဘယ်လိုညှစ်ရမှာလဲဗိုက်နာတာနဲ့ ညှစ်စရာမလိုပါဘူး ဗိုက်နာပီး အီးပါချင်သလိုဖြစ်လာမှ သားအိမ်က သူ့အလိုလို ညှစ်လာတာပါ အဲ့အခါကျမှ ကိုယ်က အလိုက်သင့်လေး အားထည့်ညှစ်ပေးလိုက်ရမှာပါ ဗိုက်နာတာနဲ့ ကိုယ့်ဘာသာ ညှစ်နေရင် ကိုယ်ပဲမောမှာပါ ကလေးကထွက်မလာပါဘူး ကလေးထွက်ချင်ပီဆို သားအိမ်က သူ့အလိုလိုကို ညှစ်လာတာပါ ၄ ။ ကိုယ့်ရဲ့ private ဧရိယာကို အကုန်မြင်နေရတော့ ရှက်စရာကောင်းလားတကယ်မွေးတော့မယ်ဆို ဗိုက်နာတာနဲ့ အမြန်ပဲမွေးချင်နေတာပါဗိုက်အရမ်းနာနေတာနဲ့ ရှက်ရမယ်ဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး ။၅ ။ ရိုးရိုးမွေးချင်းနှင့် ကလေး အသားဝါရိုးရိုးမွေးတဲ့ baby လေးတွေက အသားဝါတယ်ဆိုတာ တော်တော်ရှားပါတယ် ရိုးရိုးမွေးတာက ကလေးထွက်လာတာနဲ့ အညစ်ကြေးတွေ ပိုးမွှားတွေ အကုန် သွေးနဲ့ရေမွှာ အချင်း စတဲ့ထဲမှာ အကုန်ပါသွားတာမို့ baby လေးတို့ အသားဝါချင်း ဖြစ်ခဲပါတယ်။ ၆ ။ အကြံပြုချက်🤰🏻 ရိုးရိုးမွေးမဲ့ မေမေတွေ အနေနဲ့ အုန်းရေသောက်ပေးရပါမယ် နေ့တိုင်းသောက်စရာမလိုပါ တစ်ရက်ခြား ၂ရက်ခြား သောက်လို့ရပါတယ် အုန်းရေသောက်မှ ရေမွှာရည်ကြည်ပီး baby လေးထွက်လာရင်လည်း အနံဆ်ိုးတွေ ကင်းပီး သန့်ရှင်းမှာပါ လမ်းများများလျောက်ပါ လမ်းလျောက်မှ အထဲက ကလေးလည်း နေရထိုင်ရ ချောင်ချောင်လည်လည် နေလို့ရတာပါ မွေးဖွားရလည်းလွယ်ပါတယ်အနေထားမမှန်ပါက လမ်းလျောက်ပေးချင်းဖြင့် အနေထားပြန်တည့်စေပါတယ် အချင်းအောက်ကျတဲ့ မေမေများနှင့် သွေးဆင်းတတ်သော မေမေများကတော့ ငြိမ်ငြိမ်လေးပဲ နေသင့်ပါတယ်)နွားနို့ သို့မဟုတ် ပဲနို့သောက်ပါ ကလေး အရိုးဆစ် သန်မာစေပါတယ် အဂ်ုလိမာလသုတ် အလွတ်ကျတ်ထားပါ မွေးဖွားရ လွယ်ကူပါတယ်မေမေတိုင်း လွယ်ကူချောမွေ့စွာ မွေးဖွားနိုင်ကြပါစေဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published.