သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးခံရ

သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးခံရ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မော်ဒယ် ပိုင်တံခွန်ကို ဒီနေ့ ဧပြီ ၈ ရက် မနက် ငါးနာရီခန့်က မြောက်ဒဂုံ နေအိမ်မှာဖမ်းဆီးခံလိုက်ရတယ်လို့ ပိုင်တံခွန်ရဲ့အမ ဖြစ်သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စစ်ကား ၈ စီး၊ အင်အား ၅၀ ကျော်နဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းခံရချိန်မှာ နေမကောင်းဖြစ်နေတယ်လို့လည်း သူက ရေးသားပါတယ်။ပိုင်တံခွန်ဟာ မနေ့ ဧပြီ ၇ ရက် ည ၈ နာရီသတင်းမှာ ၅၀၅ က နဲ့ တရားစွဲခံရတဲ့စာရင်း စစ်ကောင်စီက ထုတ်ပြန်ရာမှာ ပါဝင်လာခဲ့ပြီးနောက်မကြာခင်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဒီမတိုင်ခင် ဧပြီ ၆ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သူနေထိုင်မကောင်းဖြစ်နေကြောင်း ပရိသတ်တွေကို အသိပေးထားပါတယ်။ပိုင်တံခွန်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ခုဆို ပုဒ်မ ၅၀၅နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထင်ရှားကျော်ကြားသူတွေထဲ လူမင်း၊ ရဲတိုက်၊ ဝင်းမင်းသန်းနဲ့ ပိုင်တံခွန်တို့ ဖမ်းဆီးခံထားရပြီး ဇာဂနာကတော့ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

Zawgyi

သ႐ုပ္ေဆာင္ ပိုင္တံခြန္ ဖမ္းဆီးခံရ

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ က နဲ႔ စစ္ေကာင္စီက တရားစြဲၿပီး ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ေမာ္ဒယ္ ပိုင္တံခြန္ကို ဒီေန႔ ဧၿပီ ၈ ရက္ မနက္ ငါးနာရီခန႔္က ေျမာက္ဒဂုံ ေနအိမ္မွာဖမ္းဆီးခံလိုက္ရတယ္လို႔ ပိုင္တံခြန္ရဲ႕အမ ျဖစ္သူက လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

စစ္ကား ၈ စီး၊ အင္အား ၅၀ ေက်ာ္နဲ႔ လာေရာက္ဖမ္းဆီးသြားတာျဖစ္ၿပီး ဖမ္းခံရခ်ိန္မွာ ေနမေကာင္းျဖစ္ေနတယ္လို႔လည္း သူက ေရးသားပါတယ္။ပိုင္တံခြန္ဟာ မေန႔ ဧၿပီ ၇ ရက္ ည ၈ နာရီသတင္းမွာ ၅၀၅ က နဲ႔ တရားစြဲခံရတဲ့စာရင္း စစ္ေကာင္စီက ထုတ္ျပန္ရာမွာ ပါဝင္လာခဲ့ၿပီးေနာက္မၾကာခင္မွာ ဖမ္းဆီးခံရတာျဖစ္ပါတယ္။

ဒီမတိုင္ခင္ ဧၿပီ ၆ ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ သူေနထိုင္မေကာင္းျဖစ္ေနေၾကာင္း ပရိသတ္ေတြကို အသိေပးထားပါတယ္။ပိုင္တံခြန္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးကတည္းက အာဏာသိမ္းမႈဆန႔္က်င္ေရးဆႏၵျပမႈေတြမွာ တက္ႂကြစြာပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။

ခုဆို ပုဒ္မ ၅၀၅နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ထင္ရွားေက်ာ္ၾကားသူေတြထဲ လူမင္း၊ ရဲတိုက္၊ ဝင္းမင္းသန္းနဲ႔ ပိုင္တံခြန္တို႔ ဖမ္းဆီးခံထားရၿပီး ဇာဂနာကေတာ့ ဘာေၾကာင့္ ဖမ္းဆီးခံရတယ္ဆိုတာကို စစ္ေကာင္စီဘက္က သတင္းမထုတ္ျပန္ေသးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *