ချစ်ခင်ပွန်းရဲ့စီးပွားရေးလုပ်ငန်းကို အလိမ်အညာလို့ ဝေဖန်နေကြသူများအား သက်သေနှင့်တကွ ချက်နဲ့လက်နဲ့ရှင်းပြလိုက်တဲ့ ရဲနောင်ရဲ့ဇနီး

ရဲနောင်ဆိုတာနဲ့ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ဇနီးဖြစ်သူကလည်း ရဲနောင်ရဲ့သမီးလေးကို ကိုယ်ဝန်လွယ်ထားရတာဖြစ်ပါတယ်။ ခုချိန်ကတည်းကသမီးလေးအတွက်လည်းကြိုရင်ခုန်နေကြတာဖြစ်ပါတယ်။

မကြာခင်မိသားစုဘဝလေးဖြစ်လာတော့မှာကြောင့်အလုပ်တွေလည်းအရင်ကထက်ပိုကြိုးစားနေတာပါ။ ဒါကြောင့်လည်းခုမှာရဲနောင်ဟာပရိသတ်တွေရဲ့ထောက်ပြခြင်းကိုခံနေရတာပါ။ သူ့ရဲ့ဇနီး​လေးကတော့ဘယ်လိုအခြေနေပဲဖြစ်ဖြစ်သူ့ဘက်ကရပ်တည်ကြောင်းခုလိုပြောပြခဲ့တာပါ။

ကိုယ်ဝန်နဲ့မို့ စိတ်ညစ်မခံနိုင်လို့ မပြောဘူး မပြောဘူးနဲ့ ထားလိုက်တာ …ကျွန်မ ယောကျာ်း လုပ်ငန်းအသစ်လုပ်ကြည့်ပါတယ် …ဒီလုပ်ငန်းကို သူလေ့လာနေတာ သူ ၆/၇လရှိခဲ့ပါပြီ… မလုပ်ခင်တည်းက ကျွန်မကိုတိုင်ပင်ခဲ့ပါတယ် …ကိုယ်တိုင်က နည်းပညာနဲ့ပတ်သက်တဲ့အလုပ်ဆို တကယ်မသိ နားမလည် နလပိန်းတုံးပါ… ဘာသိလဲဆို ဒါရောင်း ဒါမြတ် အလုပ်လောက်ဘဲလုပ်တတ်တာပါ (ရှင်းရှင်းပြောရ စျေးသည်အလုပ်ပေါ့) … ယောကျာ်းရှင်းပြတော့ သေချာနားထောင်ပေးတယ် … သူလုပ်ကြည့်ချင်တယ် အနဲဆုံး $100က စလုပ်လို့ရတယ်ဆိုတော့ စမ်းကြည့်ပေါ့… မလုပ်ခင်တော့ ယောကျာ်းသေချာလေ့လာနော် လို့တော့မှာတယ်… $100က ဆုံးရှုံးသွားရင်တောင် ကိုယ်တွေအတွက် ဘာမှမဟုတ်လို့ အပျင်းပြေသူ လေ့လာလို့ကောင်းအောင် လုပ်ခိုင်းလိုက်တယ်…အမြဲတမ်း သူသည် သူလုပ်တာလေးဆို လိုင်းပေါ်ဝေမျှတတ်တယ်… ဂစ်တာသင်တန်းတောင် ဂစ်တာအကြောင်းတွေဝေမျှရင်း ဂစ်တာဆရာဖြစ်လာတဲ့အထိပါဘဲ… ခု သူလုပ်တဲ့အလုပ်လဲ ဝေမျှရင်း …. ဝေမျှမတတ် လူခေါ်သလိုပုံစံဖြစ်သွားတယ်(ဒါတော့ကျွန်မယောကျာ်းမှားသွားတာပါ)… အခုလဲ လာမေးနေကြလို့သူ တစ်ခါတည်းပြောပါတယ် ကျွန်တော်လဲ ကျွန်တော်ဆုံးရှုံးနိုင်တဲ့ငွေအမောက်ကစလုပ်တယ်… မိုက်ရှုးရဲဆန်ပြီး ရှိတာ ပေါအောမလုပ်ပါနဲ့… အောင်မြင်နေတဲ့ကုမ္ပဏီကြီးတွေတောင် ဒေဝါလီခံသေးတာ ဒီလုပ်ငန်းလဲတစ်ချိန်မှာ ဘာဖြစ်မှန်းမသိဘူး …ကျွန်တော်ပြောတိုင်းလဲ မယုံနဲ့Googleခေါက် YouTubeကြည့် websiteထဲလေ့လာ ကြိုပြောပါတယ်… လာတွေ့ကရာသူ ဂုတ်ဆွဲ နင်ဒီလုပ်ငန်းထဲငွေထည့် မထည့်ရင် တွေ့မယ် ခြိမ်းခြောက်ပြီးဘယ်သူ့မှမခေါ်သလို ဘယ်သူ့ကိုမှအာမခံမခေါ်ပါဘူး … ဒါကို ကျွန်မယောကျာ်းကို ညာစားနေတယ် လိမ်စားနေတယ်ထွက်ပြေးတော့မယ်ပြောရအောင်ကျွန်မယောကျာ်းက ဘယ်သူ့ကို အတင်းခေါ်ပြီးလုပ်ခိုင်းနေလဲ .. စမ်းလုပ်ကြည့်ချင်တဲ့သူဒီလောက်ငွေအမောက်ကို ဆုံးရှုံးခံနိုင်တဲ့သူ တွေဘဲလုပ်ချင်ပါတယ်ဆိုပြီးအရင်လာပြောတာ …ဒါတောင်လေ့လာ ကျွန်တော်ကိုမယုံနဲ့ ငွေအမောက်က ကိုယ်ဆုံးရှုံးလဲဘဝပျက်မသွားတဲ့ငွေဘဲထည့်ပြောပြီးသား… ကျွန်မတို့လင်မယား ၂ယောက်သည် ကျွန်မကို သူများလိမ်သွားတာတောင် ကြားက စိုက်ပြီး အကုန်ဖြေရှင်းခဲ့တာသူများငွေလိမ်ဖို့ဆိုတာ စိတ်တောင်မကူးရဲဘူး … ကျွန်မယောကျာ်းလိမ်နေပြီပြောရအောင် သူ့ကိုလာဆက်သွယ်ပြီးလုပ်မယ်ပြောတဲ့သူတွေ သူ့ထက်ပိုက်ဆံရှိ သူ့ထက်အသက်ကြီးတဲ့သူ ပညာတတ်တဲ့သူချည်းဘဲတွေ့ကရာ ၁၆နှစ်သားကလေး ဂုတ်ဆွဲပြီး လာဆိုပြီး လာခိုင်းနေတာမဟုတ်ဘူးလုပ်ငန်းကို မကြိုက်လို့ ဝေဖန်ပိုင်ခွင့် ပြောပိုင်ခွင့်ရှိတယ်…လူလိမ်လို့ ခေါင်းစဉ်တပ်တာ အရမ်းများသွားပြီ…ကျွန်မတို့ကြောင့်ဘယ်သူဘဝပျက်သွားလဲ … ဘယ်သူတွေပူဆွေးနေရလဲ…
ဒီလုပ်ငန်းအကြောင်း တစ်ကယ်လေ့လာခိုင်းပြီးမှ သူ့နဲ့ကိုလုပ်ချင်ပါတယ်ဆိုတဲ့သူတွေဘဲ လာကြတာပါ… ကိုယ်ဖြစ်ကိုယ်ခံရမဲ့ အလုပ် ဆိုတာ ကြိုပြောပြီးသား ဒါကိုမှ လုပ်ချင်ကြတဲ့သူ စမ်းသပ်ချင်တဲ့သူတွေလုပ်တာတော့ လုပ်ပေါ့ …တကယ် ဒီလုပ်ငန်းကြီး ပျက်စီးသွားရင်တောင်တကယ်သူနဲ့လုပ်လို့ ဘဝပျက်မသွားတတ် ဖြစ်သွားခဲ့သူပါရင် ကျွန်မကြားက အကုန်စိုက်ပေးပေးမယ် … လမ်းဘေးမှာ ကျွန်မတို့လင်မယား တောင်းစားရရင်တောင် ဘယ်တော့မှလိမ်မစားဘူး ခိုးမစားဘူး… ဒီလုပ်ငန်းကို ကြိုက်သလိုပြောလို့ရတယ် ကျွန်မယောကျာ်းလဲ ဘာအကောင်မှမဟုတ်ဘူး လေ့လာတုန်း လုပ်တုန်း ဝေမျှတုန်း … ဒါကို လိမ်နေတယ် လိမ်နေပြီပြောရအောင် ကျွန်မယောကျာ်း လောင်းကစားကြောငြာတွေ ကြောငြာလာအပ် ၄/၅သိန်းရတောင် လက်မခံတဲ့သူပါ…နိုင်ချေနည်းပြီး ဆုံးရှုံးမှုများမှန်းသိတဲ့ 2D /3D ဘောပွဲတွေတောင် ထိုးနေကြတာဘဲ ဒါဆိုဒိုင်တွေက လူလိမ်တွေလား ထိုးသားဆီက လိမ်ယူနေတာလား …ကြိုက်လို့ကို ထိုးချင်တဲ့သူက မပေါက်နိုင်ချေများတာတောင်ထိုးနေကြတာ … တော်ရုံဘဲကောင်းတယ် လူလိမ်ဆိုတဲ့စကားအနက်အဓိပ္ပာယ်ဘယ်လောက်ထိ ရောက်သွားလဲမသိ ဖြစ်ကလပ်ဆန်ပြောချင်တိုင်းပြောရအောင် ငါတို့ကလိမ်စားမှစားရမဲ့ဘဝမဟုတ်ဘူး … ငါ့ယောကျာ်းနောက်မှာ ငါရှိတယ် ငါ့ယောကျာ်းကြောင့် ဘဝပျက်သွားတဲ့သူရှိ အခုလာခဲ့ဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published.