တိုင်းရင်းသားလက်နက်ကိုင် နယ်မြေထဲသို့ သွားရောက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်အချစ်တော်သင်ဇာဝင့်ကျော်ကတော့အခုမှာသတင်းတွေဟာခုဆိုလူမှုကွန်ရက်မှာပြန့်နှံ့နေခဲ့ပါတယ်။ သူမဟာ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့တာပါ။ လားရှိုးမှာထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။

သူမဟာပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမှာဇာတ်လမ်းတွဲလေးသွားရောက်ရိုက်ကူးခဲ့တာပါ။ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ယူနီဖောင်းကိုလည်းဝတ်ဆင်ခဲ့သေးတာပါ။ အဲ့ချိန်ကတည်းကသူမဟာဝေဖန်မှုတွေနဲ့ခံခဲ့ရတာပါ။

အခုမှာတော့အဲ့ကအပြန်မှာဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။ ဘယ်မှာထိန်းသိမ်းထားလဲဆိုတာလည်းမသိရသေးတာပါ။ ပရိသတ်တွေလည်းသူမအတွက်ဆုတောင်းပေးရင်း ထူးခြားဖြစ်စဥ်များကိုလည်းအမြဲမပြတ်စောင့်ကြည့်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.