ပိုင်တံခွန် ဖမ်းခံရခြင်းမှာ မန်နေဂျာမလေး MAY CHIT THWAY ကြောင့် ဟု ဝေဖန်မူများ ရှိနေ

ပိုင်တံခွန် ဖမ်းခံရခြင်းမှာ မန်နေဂျာမလေး MAY CHIT THWAY ကြောင့် ဟု ဝေဖန်မူများ ရှိနေ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီ က တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မော်ဒယ် ပိုင်တံခွန်ကို ဒီနေ့ ဧပြီ ၈ ရက် မနက် ငါးနာရီခန့်က မြောက်ဒဂုံ နေအိမ်မှာဖမ်းဆီးခံလိုက်ရတယ်လို့ ပိုင်တံခွန်ရဲ့အမ ဖြစ်သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ စစ်ကား ၈ စီး၊ အင်အား ၅၀ ကျော်နဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းခံရချိန်မှာ နေမကောင်းဖြစ်နေတယ်လို့လည်း သူက ရေးသားပါ တယ်။

ပိုင်တံခွန်ဟာ မနေ့ ဧပြီ ၇ ရက် ည ၈ နာရီသတင်းမှာ ၅၀၅ က နဲ့ တရားစွဲခံရတဲ့စာရင်း စစ်ကောင်စီက ထုတ်ပြန်ရာမှာ ပါဝင်လာခဲ့ပြီးနောက် မကြာခင်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ဒီမတိုင်ခင် ဧပြီ ၆ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သူနေထိုင်မကောင်းဖြစ်နေကြောင်း ပရိသတ်တွေ ကို အသိပေးထားပါတယ်။

ပိုင်တံခွန်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ခုဆို ပုဒ်မ ၅၀၅နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထင်ရှားကျော်ကြားသူတွေထဲ လူမင်း၊ ရဲတိုက်၊ ဝင်းမင်းသန်းနဲ့ပိုင်တံခွန်တို့ဖမ်းဆီး ခံ ထားရပြီး ဇာဂနာကတော့ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

Zawgyi

ပိုင္တံခြန္ ဖမ္းခံရျခင္းမွာ မန္ေနဂ်ာမေလး MAY CHIT THWAY ေၾကာင့္ ဟု ေဝဖန္မူမ်ား ရွိေန

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ က နဲ႔ စစ္ေကာင္စီ က တရားစြဲၿပီး ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ေမာ္ဒယ္ ပိုင္တံခြန္ကို ဒီေန႔ ဧၿပီ ၈ ရက္ မနက္ ငါးနာရီခန႔္က ေျမာက္ဒဂုံ ေနအိမ္မွာဖမ္းဆီးခံလိုက္ရတယ္လို႔ ပိုင္တံခြန္ရဲ႕အမ ျဖစ္သူက လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။ စစ္ကား ၈ စီး၊ အင္အား ၅၀ ေက်ာ္နဲ႔ လာေရာက္ဖမ္းဆီးသြားတာျဖစ္ၿပီး ဖမ္းခံရခ်ိန္မွာ ေနမေကာင္းျဖစ္ေနတယ္လို႔လည္း သူက ေရးသားပါ တယ္။

ပိုင္တံခြန္ဟာ မေန႔ ဧၿပီ ၇ ရက္ ည ၈ နာရီသတင္းမွာ ၅၀၅ က နဲ႔ တရားစြဲခံရတဲ့စာရင္း စစ္ေကာင္စီက ထုတ္ျပန္ရာမွာ ပါဝင္လာခဲ့ၿပီးေနာက္ မၾကာခင္မွာ ဖမ္းဆီးခံရတာျဖစ္ပါတယ္။ဒီမတိုင္ခင္ ဧၿပီ ၆ ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ သူေနထိုင္မေကာင္းျဖစ္ေနေၾကာင္း ပရိသတ္ေတြ ကို အသိေပးထားပါတယ္။

ပိုင္တံခြန္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးကတည္းက အာဏာသိမ္းမႈဆန႔္က်င္ေရးဆႏၵျပမႈေတြမွာ တက္ႂကြစြာပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။ခုဆို ပုဒ္မ ၅၀၅နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ထင္ရွားေက်ာ္ၾကားသူေတြထဲ လူမင္း၊ ရဲတိုက္၊ ဝင္းမင္းသန္းနဲ႔ပိုင္တံခြန္တို႔ဖမ္းဆီး ခံ ထားရၿပီး ဇာဂနာကေတာ့ ဘာေၾကာင့္ ဖမ္းဆီးခံရတယ္ဆိုတာကို စစ္ေကာင္စီဘက္က သတင္းမထုတ္ျပန္ေသးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *