သူငယ်ချင်းတွေထံမှ သိန်းတစ်သောင်းကျော်လိမ်လည်ပြီး မလေးရှားသို့ အပြီးထွက်သွားကြတဲ့ Morris တို့ဇနီးမောင်နှံ

ချမ်းမြေ့ဦးဆိုတာနဲ့ပရိသတ်တွေမသိသူမရှိအောင်မြင်နေတဲ့သူပါ။ သူဟာProject Kအဖွဲ့ဝင်တစ်ဦးဖြစ်ပြီးပရိသတ်တွေအားပေးနေကြသူတွေဖြစ်ပါတယ်။ မိန်းကလေးတိုင်းချစ်နေရတဲ့နိုင်ငံကျော်တစ်ယောက်ဆိုလည်းမမှားပါဘူး။

ခုမှာတော့သူ့တို့အဖွဲ့ဝင်ထဲကသူတစ်ယောက်ရဲ့လိမ်လည်မှုကိုခံလိုက်ရတာပါ။ သူငယ်ချင်းအရင်းကြီးဖြစ်တာကြောင့်ခုလိုလိမ်ခံလိုက်ရတာဖြစ်ပြီးနောက်သူတွေလိမ်မခံရဖို့ခုလိုပဲပြောပြခဲ့တာပါ။ သူကတော့သိန်း၄၀၀ ကျော်လိမ်ခံလိုက်ရတာဖြစ်ပါတယ်။

ဘယ်သူထင်မှာလဲ ကိုယ့်သူငယ်ချင်းအရင်းကြီးတစ်ယောက်က ဒီလိုမျိုးလိမ်ပြီးထွက်ပြေးသွားလိမ့်မယ်ဆိုတာကို ထိုင်းကိုရောက်ပြီးနောက်ပိုင်းမှာ မိဘဆီကနေလဲ လက်ဖြန့်မတောင်းချင်လို့ ကျွန်တော့်ကားလေးရောင်းပြီး ကျွန်တော့်ဟာကျွန်တော် အေးအေးချမ်းချမ်းနဲ့အလုပ်လုပ်နေတာပါ ။ တစ်ခုသိစေချင်တာက ကျွန်တော်ငွေတိုးချေးစားသူမဟုတ်ပါဘူး ။ ငွေလေးခဏလွှဲပေးထားပါ ။ မနက်ဖြန် ချက်ချင်းပြန်ထည့်ပေးပါ့မယ်ဆိုလို့ သူငယ်ချင်းရဲ့ အမျိုးသမီးဖြစ်နေတာကော မိဘတွေလဲ ကောင်းကောင်းမွန်မွန်ထဲကလို့ ထင်ခဲ့မိတဲ့အတွက် ယုံကြည်စွာနဲ့ပဲ ငွေလွှဲပေးလိုက်တာပါ ။ နောက်ရက်ကျတော့ အကြောင်းပြချက်မျိုးစုံတွေပေးပြီး ငွေပြန်မလွှဲပေးတော့ပါဘူး ။ နောက်ရက် သူ့အမေ ( Hnin Inzali ရဲ့မိခင် ) ဖုန်းဆက်ပြီး ဆက်လိမ်တယ် ။ ဟုတ်ပါတယ် ကျွန်တော့်ငွေ သိန်း ၄၀၀ ကျော် အလိမ်ခံလိုက်ရတာပါ ။ ကျွန်တော်ဒီ post တင်ရခြင်းက ကျွန်တော့်ငွေပြန်ရဖို့ထက်စာရင် နောက်လူတွေ ဆက်အလိမ်မခံရအောင်ပါ ။ ရလိုက်တဲ့သင်ခန်းစာကတော့ ဘယ်လောက်ကြီးပဲရင်းနီးနေပါစေ ၊ အလှူအတန်းနဲ့ ဘုရားတရားတွေလုပ်နေပါစေ ၊ ဆွေကြီးမျိုးကြီးထဲကဖြစ်နေပါစေ မယုံကြည်ဖို့ပါပဲ ။ ခဏတာလိမ်လို့ရလိုက်တဲ့ငွေတွေနဲ့ ဘယ်လောက်ကြာကြာစားလို့ရမှာလဲ? တစ်သက်တာလုပ်စားလို့မရတော့တဲ့ မင်းရဲ့ဘဝခရီး သာယာဖြောင့်ဖြူးပါစေ သူငယ်ချင်းစာကြွင်း : အဖွဲ့သားတွေအားလုံးဆီကငွေတွေပါအလိမ်ခံလိုက်ရတာပါနော် ။ အဲ့ထဲကမှ ကျွန်တော်က အများဆုံးအလိမ်ခံလိုက်ရတာပါဆိုပြီးပြောထားတာပါ။

Leave a Reply

Your email address will not be published.