အသက်ပေးခဲ့ရတဲ့သူတွေအတွက် အရမ်းကိုဝမ်းနည်းကြေကွဲရကြောင်းပြောပြလာတဲ့ အောင်လအန်ဆန်း

အသက်ပေးခဲ့ရတဲ့သူတွေအတွက် အရမ်းကိုဝမ်းနည်းကြေကွဲရကြောင်းပြောပြလာတဲ့ အောင်လအန်ဆန်း

နွေဦးတော်လှန်ရေး မှာ လွတ်လပ်မှုအတွက်တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရတဲ့သူတွေအတွက် အရမ်းကိုဝမ်းနည်းကြေကွဲရကြောင်းပြောပြလာတဲ့ အောင်လအန်ဆန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ မနေ့ကတော့ မြန်မာပြည်သူတွေများစွာဟာ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြရင်း ထိခိုက်ဒဏ်ရာရရှိကြသူတွေ များစွာရှိနေခဲ့သလို အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေလည်း ရှိနေခဲ့ပါတယ်။မြန်မာပြည်သူတွေကတော့ ယနေ့မှာလည်း လူထုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက်ထက်မှာ ပြန်လည်မျှဝေပေးလေ့ရှိနေ တာဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ နွေဦးတော်လှန်ရေး မှာ အသက်တွေပါ စတေးခဲ့ကြရတဲ့ သူရဲကောင်းအားလုံး အတွက် စိတ်မကောင်းဖြစ်နေပြီး မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။အောင်လအန်ဆန်ကတော့ မောင်းခလုတ်ကို မဆွဲညှစ်ခင် ကိုယ့်မိသားစုအကြောင်း၊ ကိုယ့်ကလေးအကြောင်းကို အရင်စဉ်းစားဖို့ပြောဆိုလိုက်ပါတယ်။ အောင်လအန်ဆန်ကတော့ ပထမဦးစွာလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ပြီး အသက်တွေပါ စတေး ခဲ့ကြရတဲ့

ကျွန်တော်တို့ရဲ့ သူရဲကောင်းအားလုံးရဲ့ မိသားစုတွေနဲ့အတူ ကျွန်တော်လည်းထပ်တူဝမ်းနည်းကြေကွဲနေရတယ် ဆိုတာ အရင်ပြောချင်ပါတယ်သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေက ကျွန်တော်တို့ စိတ်နှလုံးထဲမှာ အမြဲထာဝရရှိနေမှာဖြစ်သလို ကျဆုံးခဲ့ရတဲ့သူတွေဟာ ကျွန်တော်တို့ ထာဝရလေးစားသွားရမယ့်သူတွေအဖြစ် ထိုက်တန်ကြပါတယ် ဒုတိယအချက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ပြင်းထန်သောအကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်နေမှုတွေကို ရပ်တန့်ဖို့အတွက် လက်ရှိစစ်အာဏာရှင်တွေအပေါ် ကျွန်တော်အထူး နှိမ့်ချစွာဖြင့် တိုက်တွ န်းပါတယ် ဆိုပြီး ရေးသားထားခဲ့ပါတယ်။

အောင်လအန်ဆန်ကတော့ ရဲ နှင့် စစ်တပ်ကို ကျွန်တော် ပြောချင်တာက ခင်ဗျားတို့ရဲ့ မောင်းခလုတ်ကို မဆွဲညှစ်ခင်မှာ ခင်ဗျားတို့ရဲ့ ကလေး၊ ခင်ဗျားတို့ရဲ့ မိသားစုတွေအကြောင်းကို အရင်စဉ်းစားစေချင်ပါတယ်။ အခုဆန္ဒပြနေသူတွေဟာ ခင်ဗျားတို့ရဲ့ ညီအစ်ကို၊ အစ်မ၊ ညီမ၊ ခင်ဗျား တို့ရဲ့ တိုင်းပြည်ကလူတွေသာ ဖြစ်ပြီး သူတို့က ခင်ဗျားတို့ရဲ့ ရန်သူတွေ (လုံးဝ) မဟုတ်ပါဘူးဒါကြောင့် ကျေးဇူးပြု၍ ခင်ဗျားတို့ လူတစ်ယောက်ရဲ့ဘ၀ တစ်ခုကို မယူခင် (သို့မဟုတ်) လူတစ်ယောက်ကို ထိခိုက်နာကျင်အောင် မလုပ်ခင် သေချာလေး စဉ်းစားနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အားလုံးဟာ ဘာသာ ကွဲပြားသည်ဖြစ်စေ၊ မတူကွဲပြားသည့် လူမျိုးစုမှဖြစ်စေ၊ ကျွန်တော်တို့အားလုံးဟာ မြန်မာတွေဖြစ်တယ်ကျွန်တော်တို့အားလုံးဟာ အချင်းချင်းချစ်ခင်ကြဖို့ ကြင်နာတတ်ဖို့ သင်ယူကြရမှာဖြစ်တယ် အကြမ်းဖက်နှိမ်နင်းမှုဟာ ကျွန်တော်တို့ နိုင်ငံကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်စေမှာမဟုတ်ဘူးသွေးထွက်သံယိုဖြစ်နေမှုတွေ ရပ်တန့်သွားစေဖို့နဲ့ ယခုလက်ရှိအခြေအနေတွေကနေ ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းတွေ အမြန်ရရှိဖို့ မြန်မာပြည်က လူအားလုံးအတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ် ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Zawgyi

အသက္ေပးခဲ့ရတဲ့သူေတြအတြက္ အရမ္းကိုဝမ္းနည္းေၾကကြဲရေၾကာင္းေျပာျပလာတဲ့ ေအာင္လအန္ဆန္း

ေႏြဦးေတာ္လွန္ေရး မွာ လြတ္လပ္မႈအတြက္တိုက္ပြဲဝင္ရင္း အသက္ေပးခဲ့ရတဲ့သူေတြအတြက္ အရမ္းကိုဝမ္းနည္းေၾကကြဲရေၾကာင္းေျပာျပလာတဲ့ ေအာင္လအန္ဆန္း

မဂၤလာပါ ပရိသတ္ႀကီးေရ မေန႔ကေတာ့ ျမန္မာျပည္သူေတြမ်ားစြာဟာ လူထုလႈပ္ရွားမႈမွာ ပါဝင္ၾကရင္း ထိခိုက္ဒဏ္ရာရရွိၾကသူေတြ မ်ားစြာရွိေနခဲ့သလို အသက္ေပးလိုက္ရတဲ့ သူရဲေကာင္းေတြလည္း ရွိေနခဲ့ပါတယ္။ျမန္မာျပည္သူေတြကေတာ့ ယေန႔မွာလည္း လူထုလႈပ္ရွားမႈေတြကို ဆက္လက္လုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။ ေအာင္လအန္ဆန္ကေတာ့ လက္ရွိျဖစ္ပြားေနတဲ့ ကိစၥေတြနဲ႔ပတ္သက္ၿပီး သူရဲ႕ခံစားခ်က္ကို လူမႈကြန္ယက္ထက္မွာ ျပန္လည္မွ်ေဝေပးေလ့ရွိေန တာျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကေတာ့ ေႏြဦးေတာ္လွန္ေရး မွာ အသက္ေတြပါ စေတးခဲ့ၾကရတဲ့ သူရဲေကာင္းအားလုံး အတြက္ စိတ္မေကာင္းျဖစ္ေနၿပီး မိသားစုေတြနဲ႔ထပ္တူဝမ္းနည္းေၾကကြဲေနခဲ့ပါတယ္။ေအာင္လအန္ဆန္ကေတာ့ ေမာင္းခလုတ္ကို မဆြဲညႇစ္ခင္ ကိုယ့္မိသားစုအေၾကာင္း၊ ကိုယ့္ကေလးအေၾကာင္းကို အရင္စဥ္းစားဖို႔ေျပာဆိုလိုက္ပါတယ္။ ေအာင္လအန္ဆန္ကေတာ့ ပထမဦးစြာလြတ္လပ္မႈအတြက္ တိုက္ပြဲဝင္ခဲ့ၿပီး အသက္ေတြပါ စေတး ခဲ့ၾကရတဲ့

ကြၽန္ေတာ္တို႔ရဲ႕ သူရဲေကာင္းအားလုံးရဲ႕ မိသားစုေတြနဲ႔အတူ ကြၽန္ေတာ္လည္းထပ္တူဝမ္းနည္းေၾကကြဲေနရတယ္ ဆိုတာ အရင္ေျပာခ်င္ပါတယ္သူတို႔ရဲ႕စြန႔္လႊတ္အနစ္နာခံမႈေတြက ကြၽန္ေတာ္တို႔ စိတ္ႏွလုံးထဲမွာ အၿမဲထာဝရရွိေနမွာျဖစ္သလို က်ဆုံးခဲ့ရတဲ့သူေတြဟာ ကြၽန္ေတာ္တို႔ ထာဝရေလးစားသြားရမယ့္သူေတြအျဖစ္ ထိုက္တန္ၾကပါတယ္ ဒုတိယအခ်က္အေနနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြကို ျပင္းထန္ေသာအၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ဖိႏွိပ္ေနမႈေတြကို ရပ္တန႔္ဖို႔အတြက္ လက္ရွိစစ္အာဏာရွင္ေတြအေပၚ ကြၽန္ေတာ္အထူး ႏွိမ့္ခ်စြာျဖင့္ တိုက္တြ န္းပါတယ္ ဆိုၿပီး ေရးသားထားခဲ့ပါတယ္။

ေအာင္လအန္ဆန္ကေတာ့ ရဲ ႏွင့္ စစ္တပ္ကို ကြၽန္ေတာ္ ေျပာခ်င္တာက ခင္ဗ်ားတို႔ရဲ႕ ေမာင္းခလုတ္ကို မဆြဲညႇစ္ခင္မွာ ခင္ဗ်ားတို႔ရဲ႕ ကေလး၊ ခင္ဗ်ားတို႔ရဲ႕ မိသားစုေတြအေၾကာင္းကို အရင္စဥ္းစားေစခ်င္ပါတယ္။ အခုဆႏၵျပေနသူေတြဟာ ခင္ဗ်ားတို႔ရဲ႕ ညီအစ္ကို၊ အစ္မ၊ ညီမ၊ ခင္ဗ်ား တို႔ရဲ႕ တိုင္းျပည္ကလူေတြသာ ျဖစ္ၿပီး သူတို႔က ခင္ဗ်ားတို႔ရဲ႕ ရန္သူေတြ (လုံးဝ) မဟုတ္ပါဘူးဒါေၾကာင့္ ေက်းဇူးျပဳ၍ ခင္ဗ်ားတို႔ လူတစ္ေယာက္ရဲ႕ဘ၀ တစ္ခုကို မယူခင္ (သို႔မဟုတ္) လူတစ္ေယာက္ကို ထိခိုက္နာက်င္ေအာင္ မလုပ္ခင္ ေသခ်ာေလး စဥ္းစားႏိုင္ၾကပါေစလို႔ ကြၽန္ေတာ္ဆုေတာင္းပါတယ္။

ေနာက္ဆုံးအေနနဲ႔ ကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္ေတာ္တို႔အားလုံးဟာ ဘာသာ ကြဲျပားသည္ျဖစ္ေစ၊ မတူကြဲျပားသည့္ လူမ်ိဳးစုမွျဖစ္ေစ၊ ကြၽန္ေတာ္တို႔အားလုံးဟာ ျမန္မာေတြျဖစ္တယ္ကြၽန္ေတာ္တို႔အားလုံးဟာ အခ်င္းခ်င္းခ်စ္ခင္ၾကဖို႔ ၾကင္နာတတ္ဖို႔ သင္ယူၾကရမွာျဖစ္တယ္ အၾကမ္းဖက္ႏွိမ္နင္းမႈဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံကို ပိုေကာင္းတဲ့ေနရာတစ္ခုျဖစ္ေစမွာမဟုတ္ဘူးေသြးထြက္သံယိုျဖစ္ေနမႈေတြ ရပ္တန႔္သြားေစဖို႔နဲ႔ ယခုလက္ရွိအေျခအေနေတြကေန ၿငိမ္းခ်မ္းတဲ့ေျဖရွင္းနည္းေတြ အျမန္ရရွိဖို႔ ျမန္မာျပည္က လူအားလုံးအတြက္ ကြၽန္ေတာ္ ဆုေတာင္းေပးေနပါတယ္ ဆိုၿပီး ေရးသားထားခဲ့ပါတယ္။

 

Leave a Reply

Your email address will not be published. Required fields are marked *